NLD စီးပွားရေးပေါ်လစီများ အပိုင်း (၁)

NLD Economic Team in Japan

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၅ ဦးပါ စီးပွားရေးကော်မီတီအဖွဲ့ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကိုသွားရောက်လည်ပတ်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအဝင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။ NLD ကိုယ်စားလှယ်အဖွဲ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် ကိစ္စရပ်တွေ အပါအဝင် NLD အစိုးရအနေနဲ့ ဘယ်လို စီးပွားရေးပေါ်လစီတွေကို ချမှတ် ကျင့်သုံးသွားမလဲဆိုတာတွေကို စီးပွားရေးကော်မီတီဝင်လည်းဖြစ်၊ ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးစိုးဝင်းကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ပြပေးထားပါတယ်။