Facebook account သန်း ၅၀ hack ခံရ

Mark Zuckerberg

Facebook ရဲ့ လုံခြုံရေးစနစ်ကို ထွင်းဖောက်ခံရပြီး သုံးစွဲသူ သန်းပေါင်း ၅၀ လောက်ရဲ့ Facebook account တွေကို ဟက်ကာ တွေ ချိုးဖောက် ဝင်သွားနိုင်ခြေရှိတယ်လို့ Facebook ကုမ္ပဏီကပြောပါတယ်။

Facebook ရဲ့ လုံခြုံရေးစနစ်ကို ထွင်းဖောက်ခံရပြီး သုံးစွဲသူ သန်းပေါင်း ၅၀ လောက်ရဲ့ Facebook account တွေကို ဟက်ကာ တွေ ချိုးဖောက် ဝင်သွားနိုင်ခြေရှိတယ်လို့ Facebook ကုမ္ပဏီကပြောပါတယ်။

ပြဿနာကို ပြုပြင်နိုင်အောင် လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ Facebook ကုမ္ပဏီက သောကြာနေ့မှာပြောပြီး ဥပဒေထိန်းသိမ်း ရေးပိုင်းကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

အသုံးပြုသူတွေအနေနဲ့ သူတို့နဲ့ဆိုင်တဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားလူတွေ ဘယ်လိုမြင်စေချင်တယ်ဆိုတာ သတ်မှတ်လုပ်ဆောင်လို့ရတဲ့ “View As” ဆိုတဲ့ နေရာက အားနည်းချက်ကို ဟက်ကာတွေက အခွင့်ကောင်းယူ ထွင်းဖောက်တာ လို့လည်း Facebook ကုမ္ပဏီကပြောပါတယ်။ အဲဒီလို ထွင်းဖောက်ဝင်ရောက်တာကနေတဆင့် log-in key တွေနဲ့ တခြား လျှို့ဝှက်အချက်အလက်တွေကို ရယူူပြီး သုံးစွဲသူတွေရဲ့ account တွေကို ဝင်လို့ရသွားနိုင်စေတယ်လို့ ဆိုပါတယ်။

Facebook ရဲ့ လုပ်ငန်းစီမံခန့်ခွဲမှုဌာန ဒုတိယဥက္ကဌ Guy Rosen က “ထွင်းဖောက်သူတွေဟာ Facebook ရဲ့ code မှာ အားနည်း ချက်ရှိနေတာကို အသုံးချသွားတယ်ဆိုတာ ရှင်းပါတယ်” လို့ ဘလော့ဂ်မှာ ရေးထားပါတယ်။

Facebook account တခုခုကို တကယ်တမ်း ခိုးယူ အသုံးပြုခဲ့သလားဆိုတာ ကုမ္ပဏီအနေနဲ့ မသိပါဘူးလို့ Facebook ကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကပြောပါတယ်။ လုံခြုံရေးအကာအကွယ် အားနည်းချက်ကနေ ထွင်းဖောက်ဝင်ရောက်တာကို အင်္ဂါနေ့က သိရပြီး ကြာသပတေးညမှာ ပြင်ဆင်လိုက်ပြီးဖြစ်တယ်လို့လည်း Zuckerberg က ပြောပါတယ်။ တကမ္ဘာလုံးမှာ Facebook ကိုအသုံးပြုသူ သန်းပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။

Your browser doesn’t support HTML5

Facebook account သန်း ၅၀ hack ခံရ