ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင်အသင်းတွေရဲ့ တနင်္ဂနွေနေ့ ခြေစမ်းပွဲတွေမှာတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေ ထဲမှာပါတဲ့ အုပ်စု E က ဘရာဇီးလ်အသင်းက အုပ်စု D က ခရိုအေးရှားအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဥရောပ ထိပ်သီးအသင်းတသင်းဖြစ်တဲ့ အုပ်စု B က စပိန်အသင်းနဲ့ အုပ်စု E က ဆွစ်ဇာလန်အသင်းတု့ိ့ စပိန်မှာကန်တဲ့ပွဲမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။
အုပ်စု E ကပဲ ကော်စတာ ရီကာအသင်းက ကမ္ဘာ့ဖလားဝင်ခွင့်မရတဲ့ မြောက်ပိုင်းအိုင်ယာလန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားတာ မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။ အုပ်စု A က ဆော်ဒီ အာရေးဘီးယားအသင်းကတော့ အိမ်ကွင်းမှာ အုပ်စု C က ပီရူးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာတော့ ချန်ပီယံ ဆုဖလားကြီးကို ကရင်မလင်နန်းတော်အနီးက Manezhnaya ရင်ပြင်မှာ အများပြည်သူ ကြည့်ရှုဖို့အတွက် တနင်္ဂနွေနေ့က ပြသထားလိုက်ပါပြီ။
ဆုဖလားကြီးကို ရုရှားနိုင်ငံတဝန်း မြို့အသီးသီးမှာ လှည့်လည် သယ်ဆောင်ပြီးတဲ့နောက် မော်စကိုမြို့တော်မှာ အခမ်းအနားနဲ့ ကြိုဆို ပြသလိုက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ တနင်္ဂနွေနေ့ ခြေစမ်းပွဲ ရလဒ်