သမ္မတကတော်မီရဲှအိုဘားမားရဲ့ညီလာခံမိန့်ခွန်းကောက်နှုတ်ချက်

အောင်မြင်နေတဲ့ အမျိုးသားခေါင်းဆောင်တဦးရဲ့နောက်မှာ အရည်အချင်းပြည့်တဲ့ ပါရမီဖြည့်ဖက် အမျိုးသမီးတဦး အမြဲရှိတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ လက်ရှိ အမေရိကန်သမ္မတ ဘဲရက်ခ် အိုဘားမားရဲ့ နောက်မှာလည်း ပါရမီဖြည့်ဖက်အဖြစ်နဲ့ မီရှဲ အိုဘားမား က ဘယ်လို ပံ့ပိုးခဲ့ပါသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ ဒီမိုကရက်ပါတီညီလာခံမှာ သမ္မတကတော် ပြောကြားခဲ့တဲ့ မိန့်ခွန်းကနေ ကောက်နှုတ်ပြီး အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။