စက်တင်ဘာ (၁၁) ရက် New York မြို့က ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန မျှော်စင်အဆောက်အုံကြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီးနောက် ၁၃ နှစ်ခန့်အကြာ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အုံကို New York မြို့တော်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။
၁၇၇၅ ပေအမြင့်ရှိတဲ့ မိုးမျှော်အဆောက်အုံကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၉ ရာ ဖြစ်ပြီး ထင်ရှားလူသိများတဲ့ နယူးယောက် မန်ဟက်တန် ရပ်ကွက်ကြီး အုပ်မိုးနေသလို၊ ဒီအဆောက်ဦကြီးဟာ မြောက်အမေရိကတခွင်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။
ဒီအဆောက်အုံကြီးကို ပြိုကျပျက်စီးခဲ့ရတဲ့ ညီနောင် မျှော်စဉ်အဆောက်အအုံကြီး တည်ရှိခဲ့တဲ့ နေရာမှာပဲ ပြန်လည် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အဆောက်အအုံမှာ Conde Nest ပုံနှိပ် ဖြန့်ချီရေးလုပ်ငန်းရုံးခန်း၊ အစိုးရရဲ့ အထွေထွေဝန်ဆောင်မှု စီမံခန့်ခွဲရေးဌာန၊ China Center တို့ ပါရှိသလို တခြား ငှားရမ်းထားသူတွေထဲမှာ ကြော်ငြာကုမ္ပဏီ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေ ပါဝင်ပါတယ်။
မူလ ညီနောင်မျှော်စဉ်အဆောက်ဦကြီးကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက အပိုင်စီးလာတဲ့ ခရီးသည်တင် လေယာဉ်ကြီး ၂ စီးနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့ကြတာပါ။ အဆောက်အဦကြီး ၂ လုံးစလုံးပြိုကျခဲ့သလို လူပေါင်း ၂၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။