ရေကြီးမှုကြောင့် လယ်သမားတွေ တဦးချင်းဝင်ငွေအပြင် တိုင်းပြည်စီးပွား ထိခိုက်နိုင် - အပိုင်း ၁

Flood in Magwe

မြန်မာနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ရေကြီးမှုတွေထဲ စပါး အဓိက စိုက်ပျိုးတဲ့ ဒေသတွေပါ ပါသွားတဲ့အတွက် ပြည်ပကို ဆန်တင်ပို့တဲ့နှုန်း ထိခိုက်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေရဲ့ တဦးချင်း ဝင်ငွေတင်သာမကဘဲ တိုင်းပြည်စီးပွား တခုလုံးကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ရေကြီးမှုရဲ့ နောက်ဆက်တွဲ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည် ထူထောင်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာ စိုးထွန်းနဲ့ ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း - ၁ အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။