Florence ဟာရီကိန်းကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီ

မြောက်ကယ်ရိုလိုင်းနားမှာ မုန်တိုင်းထိသွားတဲ့ အိမ်နောက်ဘက်ကို ကြည့်နေတဲ့ အိမ်ရှင်တဦး

Florence ဟာရီကိန်း မုန်တိုင်းကြောင့် အမေရိကန် အရှေ့တောင်ဘက်ခြမ်းဒေသမှာ အိမ်ခြေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း တသန်းလောက် လျှပ်စစ်မီးပြတ်တောက်နေပြီး ဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းနေကြပါတယ်။

ဒီမုန်တိုင်းကြောင့် မိုးသည်းထန်ပြီး အပျက်အစီးများတဲ့ ရေလွှမ်းမိုးမှုတွေ တောင်နဲ့မြောက် ကယ်ရိုလိုင်းနာပြည်နယ်မှာ ဆက်ဖြစ်နေတယ်လို့ အမျိုးသားဟာရီကိန်း မိုးလေဝသဌာနက ပြောပါယတ်။ ဒါ့အပြင် မြောက် ကယ်ရိုလိုင်းနား အရှေ့တောင်ပိုင်းနဲ့ တောင်ကယ်ရို လိုင်းနား အရှေ့မြောက်ပိုင်းတို့မှာ စနေနေ့မှာ တိုနေးဒိုး လေဆင်နှာမှောင်းကြီးတွေ ဖြစ်ပေါ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် ပြည်ထောင်စုအစိုးရက လုပ်နိုင်သမျှကို အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ သမ္မတ ထရမ့်က ကမ်းလှမ်းထားတယ်လို့ တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး Henry McMaster ကဆိုပါတယ်။ ဒီမုန်တိုင်းကြောင့် အခုချိန်ထိ အနည်းဆုံး လူပေါင်း (၁၁) ဦးသေဆုံးခဲ့ပြီလို့ သိရပါတယ်။

Your browser doesn’t support HTML5

Florence ဟာရီကိန်းကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီ