အမေရိကန်ပြည်ထောင်စုအခြေစိုက် ဘိုးအင်းလေယာဉ်ကုမ္ပဏီက ပျံသန်းလို့ရတဲ့ မော်တော်ကား စမ်းသပ်ပျံသန်းမှုကို အခုတပတ်ထဲ မှာလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ဈေးကွက်မှာတောင်းဆိုမှုတွေမြင့်မားလာနေလို့ ပျံသန်းလို့ရတဲ့ ကားကိုထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး မြို့တော်ဝါရှင်တန်ဒီစီနဲ့ကပ်ရက် ဗာဂျီးနီးယားပြည်နယ်မှာ ၂၉ပေကျော်ရှည်လျှားတဲ့ ကားပျံကိုစမ်း သပ်မောင်းနှင်ခဲ့တာလို့ဆိုပါတယ်။
ဒီမော်တော်ယာဉ်မှာ ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်း၊ Drone ရဲ့အစိတ်အပိုင်းနဲ့ လေယာဉ်ပျံအတောင်ပံတု့ိကို တပ်ဆင်ထားပါတယ်။ မြေပြင်မှာ မော်တော်ကားလိုမောင်းနှင်နေရင်း လေထဲကိုဒေါင်လိုက်တည့် တည့်ပျံတက်နိုင်ပြီး၊ မြေပြင်ပေါ်ကိုလည်းညင်ညင်သာသာဆင်းသက်နိုင်ပါတယ်။ ဒီကားပျံကို အဝေးထိန်းစနစ်စမ်းသပ် ပျံသန်းခဲ့တာပါ။ အခုချိန်ထိတော့ ဒီကားပျံကို နာမည်မပေးရသေးပါဘူး။
Your browser doesn’t support HTML5