မြန်မာနိုင်ငံအစိုးရက ရင်းနှီးမြုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ကြဖို့ တံခါးဖွင့်ပေးလိုက်ပြီးတဲ့နောက် ပြည်ပက ရင်းနှီးမြုပ်နှံလိုသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့အတွက် မြန်မာနိုင်ငံမှာရှိနေတဲ့ လူ့အရင်းအမြစ်တွေနဲ့ ပေါင်းစပ်နိုင် အောင် ကြိုတင် ပြင်ဆင်မှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းနဲ့ သောကြာနေ့က သီးခြား တွေ့ဆုံမေးမြန်းချိန်မှာ ဒေါက်တာဇော်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး တံခါးပိတ်မူဝါဒကို ကျင့်သုံးလာခဲ့တဲ့ မြန်မာနိုင်ငံမှာ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင် ခွင့်ပြုတော့မယ်လို့ တံခါးဖွင့်ပေးလိုက်တာကြောင့် မြန်မာနိုင်ငံက သယံဇာတနဲ့ တွင်းထွက်ပစ္စည်းတွေကို စိတ်ဝင်စားကြတဲ့ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ လာရောက်တော့မှာဖြစ်ပေမယ့် မြန်မာနိုင်ငံထဲမှာ လုပ်ငန်းကျွမ်းကျင်သူမရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။
ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်းမှာ လူ့အရင်းအမြစ်စွမ်းအားတွေ ပိုမိုတိုးတက်လာအောင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ အမြန်ဆုံး လိုအပ်နေပြီလို့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။
“အခုလောလောဆယ်ကတော့ ဒါ ဥပဒေတရပ် အမြန်ဆုံးထွက်ဖို့ဆိုတဲ့ကိစ္စကို လုပ်နေတယ်ပေါ့။ ဆိုတော့ ဒီဟာကလည်း ပြည့်စုံ တဲ့ဥပဒေတခု ဖြစ်လာပါလိမ့်မယ်။ ပိုပြီးတော့ အရေးကြီးတာက ဒီဥပဒေရဲ့နောက်မှာ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေပါ ဆက် ပြီးတော့ ဖြစ်လာဖို့ အရေးကြီးမယ်။ ကျနော်တို့ဘက်က ပိုပြီးတော့ ဂရုတစိုက်နဲ့ ပြင်ဆင်ထားသင့်တဲ့ကိစ္စကတော့ Capacity Building လို့ခေါ်တဲ့ ကိုယ့်ရဲ့ လူ့အရင်းအမြစ် စွမ်းအားတွေကို ခုန ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပေါင်းစပ်နိုင်အောင် ပေါင်းကူး လုပ်ပေးနိုင်မယ့် Bridging Program လို ဟာမျိုးပေါ့နော်၊ အဲလို အစီအစဉ်တွေက သီးသန့် ဆောင်ရွက်ထားဖို့ လိုပါလိမ့်မယ်။
“အဲဒီကိစ္စကို အမြန်ဆုံးနဲ့ လုပ်မယ်ဆိုရင်လည်း လုပ်ပေးနိုင်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်တွေလည်းရှိသလို ကျနော်တို့ဆီမှာလည်း ဒါကို ကူညီဖြေရှင်းပေးနိုင်မယ့်၊ အထူးသဖြင့်တော့ နိုင်ငံရပ်ခြားမှာရောက်ပြီးတော့ လုပ်ငန်းတွေမှာ အကျွမ်းတဝင်ရှိပြီးသား ကျနော်တို့ရဲ့ မြန်မာလူငယ် ပညာရှင်တွေကို ပြန်လည် ဖိတ်ခေါ်ပြီးတော့ ဒီကိစ္စကို လုပ်မယ်ဆိုရင် အချိန် တိုတိုအတွင်းမှာ အချိန်မီလုပ်နိုင်မယ့်အနေအထားမျိုး ရှိပါတယ်။”
မြန်မာနိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာတာနဲ့တပြိုင်ထဲ အရင်အစိုးရ အဆက်ဆက်ကလို မှားယွင်းတဲ့ အတွေ့အကြုံတွေ၊ တိုးတိုးတိတ်တိတ် လုပ်ဆောင်မှုတွေ မရှိရလေအောင် စီးပွားရေးလုပ်ငန်း အားလုံးတိုင်းလိုလိုမှာ ပွင့်လင်းမြင်သာမှု၊ သိသာ မြင်သာမှုတွေရှိဖို့ ဆိုတာဟာလည်း အရေးကြီးတယ်လို့ ဒေါက်တာဇော်ဦးက ဆက်ပြောပါတယ်။
“အဲဒါ သိပ်အရေးကြီးပါတယ်။ ဒီ ပွင့်လင်းမြင်သာမှုရှိအောင် ထင်သာမြင်သာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို EITI လို ကမ္ဘာ့နိုင်ငံ အသီးသီးက ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စမျိုးမှာ ကျနော်တို့က ပါဝင်ဆောင်ရွက်ဖို့ သမ္မတကြီးရဲ့ ခွင့်ပြုချက်နဲ့ အစိုးရအဖွဲ့ကနေပြီး တော့ စတင် ဆောင်ရွက်နေပြီဖြစ်တယ်၊ သိသာမြင်သာရှိမှုတွေကို အားပေးတဲ့၊ Quality Investment မျိုးကိုအားပေးတဲ့ ဥပဒေ မျိုးဖြစ်ဖို့ ပိုအရေးကြီးတာပေါ့။ အဲဒါမျိုး လုပ်နိုင်လေလေ ကျနော်တို့အတွက်က ပိုပြီးတော့ အစထဲက အရည်အချင်း စစ်ပြီးသား ဖြစ်သွားတယ်။
“ကျနော်တို့ကို တပွဲတိုးနဲ့ လာပြီးတော့ သွေးတိုးစမ်းမယ့်၊ ကျနော်တို့ကို ရေတို ဒီ ငါးနှစ်တာ အခွန်မက်လုံးလောက်ကိုပဲ ဦးစား ပေးပြီးတော့ လုပ်သွားမယ့် စီးပွားရေးမျိုးထက်စာရင် ရေရှည် အနှစ် ၂၀၊ ၃၀ ကျနော်တို့နဲ့အတူ လက်တွဲပြီးတော့ ရေရှည်လုပ် သွားမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်လာဖို့ ကျနော်တို့က ဘက်ပေါင်းစုံက ကြိုးစားကြဖို့လိုမယ်လို့ ထင်ပါတယ်။”
မြန်မာနိုင်ငံဖက်က ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်နေပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဖက်က မြန်မာနိုင်ငံက ပို့ကုန် တင်သွင်းမှုကို အခုချိန်ထိ ကန့်သတ် ချုပ်ချယ်ထားဆဲဖြစ်တာကြောင့် မြန်မာနိုင်ငံဖက်က နစ်နာမှုတွေရှိတယ်ဆိုပြီး စီးပွားရေး လုပ်ငန်းရှင်တွေက ဝေဖန် ပြောဆိုနေကြတာပါ။
မြန်မာနိုင်ငံ အသွင်ပြောင်းကာလဖြစ်နေတာကြောင့် အရှိန်အဟုန်နဲ့ စီးပွားရေးတိုးတက်ဖို့ လိုအပ်နေတဲ့အချိန်မှာ အဲဒီလို မမျှတမှုတွေ အမြန်ဆုံး အဆင်ပြေအောင် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်ဖို့ လိုမယ်လို့လည်း ဒေါက်တာဇော်ဦးက ထောက်ပြ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို နောက်ထပ် သက်တမ်းတိုးဖို့ အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီကနေ ဇူလိုင်လ ၁၈ ရက် နေ့ကပဲ မဲခွဲအတည်ပြုလိုက်တာပါ။
မြန်မာနိုင်ငံအတွင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို ခေတ်နဲ့အညီ ပြုပြင် ပြောင်းလဲနိုင်အောင်၊ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်နိုင်အောင် လွှတ်တော်အတွင်းမှာ တင်သွင်း ဆွေးနွေးကြပြီ ဖြစ်ပါတယ်။