အာဏာသိမ်းနောက်ပိုင်း နိုင်ငံခြားကုန်သွယ်မှု "မြင်ကွင်းကျယ်မှတ်စု"

Your browser doesn’t support HTML5

မြန်မာနိုင်ငံကို အာဏာသိမ်းထားတဲ့ စစ်အာဏာရဲ့ မီနီဘတ်ဂျက်ကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုမှာ တချို့နိုင်ငံတွေနဲ့ ကျဆင်းပြီး နိုင်ငံတချို့နဲ့ ကုန်သွယ်မှုကတော့ တက်လာတာပါ။ ၂၀၂၁ အောက်တိုဘာကနေ ၂၀၂၂ မတ်လကြား ကိန်းဂဏန်းနဲ့ သူ့အရင်ကာလတူ ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ မတ်လအထိ ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ပြထားတာပါ။ အသေးစိတ်ကိုတော့ အချက်အလက်တွေကို စုစည်းပြီး မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar က မြင်ကွင်းကျယ်မှတ်စုအဖြစ် တင်ဆက်ထားပါတယ်။