ဗုဒ္ဓဟူးနေ့ညပိုင်း အမေရိကန်နိုင်ငံ တနိုင်လုံးကို ထုတ်လွှင့်ပြသတဲ့ ဒီမိုကရက်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးမှာ သမ္မတဟောင်း ဘီလ်ကလင်တန်က လက်ရှိသမ္မတ ဘားရက် အိုဘားမားကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က ကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် တရားဝင်အဆို တင်သွင်းလိုက်ပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့ခ်မှာ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးမှာ မိန့်ခွန်း ပြောကြားရင်း မစ္စတာ ဘီလ်ကလင်တန်က ရီပတ်ပလစ်ကင်ပါတီဘက်က ပြောဆိုနေတဲ့ စကားတွေဟာ အိမ်မက်ကမ္ဘာဆန်လွန်းတယ်လို့ ဝေဖန်ပြစ်တင် လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ဖလော်ရီဒါပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရီပတ်ပလင်ကန်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံမှာ သမ္မတအိုဘားမား စတင် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၀၉ခုနှစ်ကစလို့ ဒီနေ့အချိန်မှာ အဆိုးဆုံးဖြစ်နေတယ်ဆိုတဲ့ အချက်ကို အလေးထားပြီးတော့ ပြောဆိုခဲ့ကြပါတယ်။ ဒီလိုပြောဆိုချက်တွေကို သမ္မတဟောင်း မစ္စတာ ကလင်တန်က သဘောမတူပါဘူး။
မစ္စတာကလင်တန်ဟာ အမေရိကန်နိုင်ငံသားကြားမှာ ပေါ်လွင်ထင်ရှားဆဲ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ-နှစ်ကြိမ် ဆက်တိုက် တာဝန်ယူခဲ့တဲ့ ၁၉၉၀ခုနှစ်တွေအတွင်း အမေရိကန်နိုင်ငံ စီးပွားရေးကောင်းမွန်ခဲ့တာကို အမေရိကန်နိုင်ငံသားတွေက အမှတ်ရနေဆဲဖြစ်ပါတယ်။ မစ္စတာကလင်တန်ရဲ့ မိန့်ခွန်းပြီးဆုံးချိန်မှာတော့ မစ္စတာ ဘားရက်အိုးဘားမားဟာ မိန့်ခွန်းပြောတဲ့ စင်မြင့်ပေါ်ကို တက်လာခဲ့ပါတယ်။