ကမ္ဘာ့ဖလား အာဂျင်တီးနား-အိုက်စ်လန်ပွဲ တဂိုးစီသရေကျ

အာဂျင်တီးနား အသင်းရဲ့ Lionel Messi (ရှေ့-ဝဲဘက်) အုပ်စု D ပွဲစဉ်မှာ တွေ့ရစဉ်။ (ဇွန် ၁၆၊ ၂၀၁၈)

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ကစားသွားကြတဲ့ အာဂျင်တီးနားနဲ့ အိုက်စ်လန် ပွဲမှာ ၁ ဂိုး ၁ ဂိုး နဲ့ သရေကျသွားပါတယ်။ အာဂျင်တီးနားအသင်း ပယ်နယ်လ်တီရပေမဲ့ မက်ဆီ ကန်သွင်းတာကို အိုက်စ်လန်ဂိုးသမားက ဖမ်းလိုက်နိုင်ခဲ့သလို ပွဲအချိန်ပိုအတွင်း ဖရီးကစ် ရချိန်မှာ လည်း မက်ဆီကန်သွင်းတာကို တဘက်အသင်းက ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ဆုံးသရေပွဲ ပြီးသွားခဲ့တာပါ။

ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့နာရီပိုင်းက ကန်ပြီးသွားတဲ့ အုပ်စု C က နာမည်ကျော် ပြင်သစ်နဲ့ သြစတြေးလျပွဲမှာတော့ ပြင်သစ်အသင်းဟာ ထင်သလောက် ခြေစွမ်းမပြနိုင်ပေမဲ့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကံကောင်းစွာနဲ့ပဲ အဖွင့်ပွဲမှာ ၃ မှတ်ရသွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေနဲ့ အဆုံးသတ်သွားတဲ့ ဒီပွဲရဲ့ ဒုတိယပိုင်း ၅၈ မိနစ်မှာ ပြင်သစ်အသင်းရတဲ့ ပန်နယ်လ်တီဂိုးကို ဂရစ်ဇ်မန်း ကန်သွင်းတာကြောင့် အဖွင့်ဂိုး ရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် ၆၂ မိနစ်မှာပဲ သြစတြေးလျအသင်းက ပန်နယ်လ်တီ ပြန်ရပြီး ချေပဂိုး သွင်းလိုက်နိုင်ပါတယ်။

သြစတြေးလျ ဂိုးသမား Metju Rajanji လွတ်သွားတဲ့ဂိုး။

မိနစ် ၈၀ မှာတော့ ပြင်သစ်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး Pogba က သွင်းယူလိုက်နိုင်တာကြောင့် ပြင်သစ်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲမှာ ပြင်သစ်အသင်းရသွားတဲ့ ဂိုးနှစ်ဂိုးစလုံးအတွက် VAR လို့ခေါ်တဲ့ Video Assistant Referee ဗွီဒီယိုနည်းပညာနဲ့ စောင့်ကြည့် မှတ်တမ်းတင် ဆုံးဖြတ်တဲ့နည်းကို အကူအညီယူပြီး ဆုံးဖြတ်ချက် ချရတာကြောင့် ဒါဟာဖြင့် ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာမှစသုံးတဲ့ VAR နည်းပညာကို ဒီပွဲမှာ အရင်ဆုံး အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ နောက်ထပ်ကန်မယ့် ပွဲတွေကတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ အုပ်စု C က ပီရူးနဲ့ ဒိန်းမတ်၊ တနင်္ဂနွေ မနက် ၁ နာရီခွဲမှာ အုပ်စု D က ခရိုအေးရှားနဲ့ နိုင်ဂျီးရီးယားအသင်းတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ မနေ့ သောကြာနေ့က ပွဲတွေမှာတော့ ဥရောပ ထိပ်သီး နှစ်သင်းဖြစ်တဲ့ အုပ်စု B က ပေါ်တူဂီ နဲ့ စပိန်တို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ တဘက် သုံးဂိုးစီနဲ့ သရေကျသွားပါတယ်။

Your browser doesn’t support HTML5

အာဂျင်တီးနားနဲ့ အိုက်စ်လန် သရေပွဲ