ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

ရာထူးသက်တမ်း ၃ လသာ ရှိသေးတဲ့ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး မစ်စ် မီရှဲလ် အဲလီးယက် မာရီ (Michele Alliot-Marie) ဟာ တနင်္ဂနွေနေ့က ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါပြီ။

ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံဟောင်းဖြစ်တဲ့ တူနီးရှားနိုင်ငံက ဆော်ဒီအာရေးဗီးယားကို ထွက်ပြေးခိုလှုံသွားသူ သမ္မတဟောင်း ဇင်း အယ်လ် အဘီဒင်း ဘင် အလီ (Zine al-Abidine Ben Ali) နဲ့ ပြင်သစ်ဝန်ကြီးဟောင်း မစ်စ် အဲလီးယက် မာရီတို့ရဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုတွေ ရှိခဲ့တာကြောင့် တူနီးရှား အရေးကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ တုံ့ပြန် ကိုင်တွယ်မှု အပေါ်မှာ သူမကို ပြင်သစ် နိုင်ငံရေးလောကနဲ့ မီဒီယာတွေက ပြစ်တင် ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့တဲ့ မစ်စ် အဲလီးယက် မာရီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပန်းစံပယ် တော်လှန်ရေး ဖြစ်ပွားနေတဲ့ အချိန်မှာ တူနီးရှားကို အပန်းဖြေခရီး ရောက်ရှိနေခဲ့ပါတယ်။

မစ်စ် အဲလီးယက် မာရီက သူ နိုင်ငံခြားရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီး အေလိန်း ယပ်ပီ (Alain Juppe) ဟာ နိုင်ငံခြားရေးဝန်ကြီး အဖြစ်ပါ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicokas Sarkozy) က ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။