G-20 ထိပ်သီးအစည်းအဝေး စတင်ကျင်းပ

Yangi Zelandiyada ikki masjidda juma namoziga yig'ilgan jamoatga qurolli hujum qilindi. Otishmada 49 kishi halok bo'lgan. Mamlakat parlamenti binosiga o'rnatilgan bayroq motam kuniga xos tarzda pastga tushirildi. 

တရုတ်နိုင်ငံ Hangzhou မြို့မှာ စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ G-20 ထိပ်သီးစည်းဝေးပွဲကို ဒီကနေ့ စတင်ကျင်းပနေပါတယ်။ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က ညီလာခံအဖွင့်စကား ပြောပါတယ်။

“ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာပြီဆိုပေမယ့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းတို့မှာ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခု ညီလာခံမှာတော့ ဆန်းသစ်ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်ဖို့၊ ကမ္ဘာ့စီးပွားရေး ပိုပြီး ဖြစ်ထွန်းလာစေဖို့၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။” လို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က ပြောသွားပါတယ်။

အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်တို့နှစ်ဦး စနေနေ့က ၃ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုအတွင်းမှာတော့ နှစ်နိုင်ငံကြား လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုခဲ့ကြပါတယ်။

ဒါ့အပြင် တတိယကမ္ဘာက မိတ်ဖက်နိုင်ငံတွေမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးမှာလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူခဲ့တဲ့အကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ထုတ်တဲ့ ကြေညာ ချက်မှာ ဖော်ပြပါတယ်။

ဒီနိုင်ငံတွေ ဖွံ့ဖြိုးမှု လျင်မြန်စေရေးအတွက် အမေရိကန်တို့က စက်မှုအတတ်ပညာပိုင်းနဲ့ စစ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးတို့ကို ထောက်ပံ့ ဆောင်ရွက်ပေးနေတာပါ။ တရုတ်တို့ဘက်ကလည်း တချို့ဒေသ တွေမှာ ပေးအပ်ဖို့ ကတိပြုထားတဲ့ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့ဝင် ၈,၀၀၀ ကို ရက်ပေါင်း ၆၀ အတွင်း အဆင်သင့် ဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေရဲ့ သတင်းအချက်အလက်တွေ ပိုပြီး ဖလှယ်ကြဖို့လည်း အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေ သဘောတူခဲ့ကြတာပါ။ ဒါ့အပြင် အင်တာနက် ဆိုင်ဘာလုံခြုံရေး ကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲအတွင်း ဆင်စွယ် မှောင်ခို ကုန်ကူးမှုကို တိုက်ဖျက်ရေးအတွက်လည်း ထပ်လောင်း ကတိပြုခဲ့ကြပါတယ်။ တရုတ်နိုင်ငံက ဒီနှစ် အစော ပိုင်းမှာပဲ ဆင်စွယ်တင်သွင်းမှုကို တားမြစ်ခဲ့တဲ့အကြောင်းလည်း အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

Your browser doesn’t support HTML5

G-20 ထိပ်သီးအစည်းအဝေး စတင်ကျင်းပ