ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီများဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ လူ့အခွင့်အရေးကိစ္စထက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဦးစားပေး ဆွေးနွေးဖို့ရှိတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ပြောဆိုလိုက်ပါတယ်။
လက်ရှိ မြန်မာအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လျော့နည်းသွားခြင်းမရှိဘဲ ပိုလို့တောင် များလာသေးတယ်ဆိုတာကို လူ့အခွင့်အရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေက ထောက်ပြနေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။
ဧပြီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပတဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း တာဝန်သိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးစားပေး အကြောင်းအရာတခုအနေနဲ့
ဆွေးနွေးဖို့ ရှိတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနက အစောပိုင်းကတည်းက သတင်းထုတ်ပြန် ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီနှစ် G8 အစည်းအဝေးမှာ နောက်ထပ် ဦးစားပေး အကြောင်းအရာတခုအဖြစ်
ဆွေးနွေးဖို့ရှိတဲ့ ကမ္ဘာပေါ်က ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ဟန့်တားရေး ကိစ္စမှာတော့ ဒီကိစ္စ ထည့်သွင်းဆွေးနွေးမယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါဝင်ပါဘူး။
မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသေးပေမဲ့လို့ ဒီကိစ္စ ဆွေးနွေးမှုတွေမှာတော့ မြန်မာနိုင်ငံကို ထည့်သွင်းထားခြင်းမရှိဘဲ မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု ကိစ္စတွေကို ဦးစားပေး ဆွေးနွေးမယ့်အပေါ်မှာ အထူး စိုးရိမ်တဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မခ့် ဖာမနာ (Mark Farmaner) က ပြောပါတယ်။
“ကျနော်တို့ စိုးရိမ်တာက G8 စက်မှုထိပ်သီး နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာပေါ်က ပဋိပက္ခ ဖြစ်ပွားရာဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ဟန့်တားရေး ကြိုးပမ်းဆောင်ရွက်ဖို့ကိစ္စကို ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာတခုအဖြစ် ထည့်သွင်းထားပေမဲ့လို့ ဒီအထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းမထားတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အစိုးရ တပ်ဖွဲ့တွေက ကျူးလွန်တဲ့ မုဒိန်းကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ပိုပြီးတော့တောင် များလာပါသေးတယ်။”
“ဒါပေမဲ့ ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးမယ့်အစား မြန်မာနိုင်ငံတွင်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို လုပ်ကိုင်ဆောင်ရွက်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မြန်မာအစိုးရဘက်က ဆွေးနွေးတင်ပြမှုတွေကို နားထောင်ဖို့တော့ စီစဉ်ထားပါတယ်။ ဒါကြောင့် အခု G8 ထိပ်သီးစည်းဝေးပွဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေထက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေကိုပဲ ဦးစားပေး ဆွေးနွေးကြမယ့်အပေါ်မှာ ကျနော်တို့ စိုးရိမ်မှုဖြစ်ရတာပါ။”
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဗြိတိန်အစိုးရက အားပေးသလို မြန်မာနိုင်ငံတွင်း တာဝန်သိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ
ဖြစ်ဖို့ မြန်မာအစိုးရက ကြိုးစားနေတဲ့အပေါ်မှာလည်း အားပေးကူညီသွားမယ့် အကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့ G8 စက်မှု ထိပ်သီးနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးသွားမယ့်အကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် (William Hague) ကလည်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့ အမေရိကန် သမ္မတတို့ တွေ့ဆုံခဲ့ချိန်ကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာအောင် အားပေးဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြသလို၊ အခု ဒီကိစ္စ G8 ခေါင်းဆောင်တွေကြား ဆွေးနွေးဖို့ အထိ ဖြစ်လာအောင် ဗြိတိန်အစိုးရက ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့လည်း မခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။
ဒါကြောင့် ဒီနှစ် G8 အစည်းအဝေးမှာ မြန်မာနိုင်ငံအနေနဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာဖို့ ဘယ်လို ကြိုးပမ်းနေတယ်ဆိုတာကို ဆွေးနွေးတင်ပြဖို့အတွက်လည်း မြန်မာအစိုးရကို ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီကိစ္စတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေကြတဲ့ G8 အဖွဲ့ဝင် နိုင်ငံတွေက ကုမ္ပဏီတွေအပေါ် အများအမြင်ကောင်းအောင် လုပ်ပြတဲ့ သဘောမျိုး သက်သက်သာ ဖြစ်တယ်လို့လည်း မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။
“G8 ရဲ့ အခုကြိုးပမ်းမှုက အနောက်နိုင်ငံ ကုမ္ပဏီတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ဆိုတဲ့သဘော ပိုဆောင်နေပါတယ်။ သူတို့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးလုပ်ကိုင်တဲ့အတွက် ဝေဖန်ခံရတာမျိုး မဖြစ်အောင်၊ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ရေး ကြိုးပမ်းမှုတွေမှာ သူတို့ အားပေး ဆောင်ရွက်ခဲ့တယ် ဆိုတာမျိုး ပြောနိုင်အောင် လုပ်ပြတဲ့သဘောပါပဲ။ တကယ်တမ်းကတော့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လုပ်ငန်းတွေဖြစ်ဖို့ အလေးထားတယ်ဆိုတာထက် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ကသာ အဓိကဖြစ်နေတာပါ။”
ဗြိတိန်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတို့ ပါဝင်တဲ့ ဒီ G8 စက်မှုထိပ်သီး ၈ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုကိစ္စအပြင် ကမ္ဘာပေါ်က ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ဟန့်တားရေးကိစ္စ၊ ဆိုမားလီးယား နိုင်ငံအရေး၊ အင်တာနက် Cyber လုံခြုံရေးဆိုင်ရာကိစ္စ၊ အာရပ်နွေဦး လှုပ်ရှားမှုတွေနောက်ပိုင်း အာရပ်နိုင်ငံတွေရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ အားပေးကူညီဖို့ ကိစ္စတွေကိုလည်း အလေးပေး ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ် ကိစ္စနဲ့ပတ်သက်လို့လည်း အာဆဒ်အစိုးရကို လက်နက်ကိုင် ပုန်ကန်နေတဲ့ ဆီးရီးယား အတိုက်အခံတွေကို လက်နက်ထောက်ပံ့ရေးအတွက် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆက်ပြီး တွန်းအားပေးသွားဖွယ်လည်း ရှိနေပါတယ်။
မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုကလည်း ဒီထိပ်သီးအစည်းအဝေးမှာ ထိပ်တန်း ဦးစားပေး ကိစ္စတခုအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။