ဂါဇာမြောက်ပိုင်း တခုလုံးနီးပါးထိန်းချုပ်နိုင်လို့ အစ္စရေးစစ်တပ်ပြော

Your browser doesn’t support HTML5

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အစ္စရေးစစ်တပ်ဟာ ဒီနေ့ တနင်္ဂနွေနေ့ အစောပိုင်းက Jabalia မြို့အပေါ် ဆက်လက်တိုက်ခိုက်နေပါတယ်။ စနေနေ့က ဂါဇာဒေသထဲက ပစ်မှတ်ပေါင်း ၂၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသတခုလုံး နီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။