ဂါဇာတလွှား အစ္စရေးစစ်ဆင်ရေးတိုးမြှင့်

Israeli military releases video said to show fighting in the streets of Jabalia

Israeli military releases video said to show fighting in the streets of Jabalia

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ရေး တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့အဆိုပြုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာ အစ္စရေးက ဂါဇာကို အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာတောင်ပိုင်းက အဓိကမြို့ကြီး ဖြစ်တဲ့ Khan Younis မြို့လယ်ခေါင်မှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ စနေနေ့မှာ အစ္စရေးက အမိန့်ပေးခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ Nasser ဆေးရုံမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပါတယ်။

ဂါဇာဒေသခံ ၂.၃ သန်းထဲက အများစုဟာ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရပြီး အဲဒီ့ထဲက အများအပြားဟာ အကြိမ်ပေါင်းများစွာ ထွက်ပြေးခဲ့ရတာပါ။ ဒေသကြီးတခုလုံး အရှိန်အဟုန်နဲ့ တိုက်ခိုက်ခံနေရလို့ ဂါဇာမှာ ဘေးကင်းလုံခြုံတဲ့ နေရာရယ်လို့ မရှိတော့ဘူး ဆိုပြီး ဒေသခံတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေက ပြောပေမယ့် ဒါကို အစ္စရေးဘက်ကတော့ လက်မခံပါဘူး။ ဂါဇာက လူထုရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အမှုဆောင်ဘုတ်အဖွဲ့က ဒီနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံကြပါမယ်။ WHO အဖွဲ့ဝင်နိုင်ငံ တဒါဇင်ကျော်က ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးအခြေအနေနဲ့ “အလွန်အမင်းစိုးရိမ်ကြောင်း” ထုတ်ပြောထားတာပါ။

ဂါဇာကလူတွေကို ကစားစရာ ဘောလုံးလေးတွေလို ဟိုရွှေ့ ဒီပြောင်း လုပ်ခိုင်းနေပြီး တောင်ပိုင်းက နေရာကျဥ်းကျဥ်းလေးထဲမှာ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံအချက်တွေတောင် မရှိဘဲ ပြေးလွှားနေရတယ်” လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သောကြာနေ့မှာ သတိပေးထားပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးရဲ့ တဲလ်အဗစ်မြို့မှာတော့ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ထောက်ခံသူ ရာနဲ့ ချီဟာ "ဓားစာခံ ပလာဇာ" လို့ အမည်ပေးထားတဲ့ ဈေးဝယ်စင်တာ ရင်ပြင်မှာ စုဝေးကာ ဓားစာခံတွေ ပြန်လွတ်လာနိုင်ဖို့ အစ္စရေးအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ဂါဇာတလွှား အစ္စရေးစစ်ဆင်ရေးတိုးမြှင့်

SEE ALSO:

ဂါဇာတလွှား အစ္စရေးစစ်ဆင်ရေးတိုးမြှင့်