ဂျာမနီမှာ ဓားနဲ့ထိုး တိုက်ခိုက်သူအဖြစ် မသင်္ကာသူ ဆီးရီးယားအမျိုးသားကို ဖမ်းဆီး

Police escort the suspect for Solingen's stabbing rampage, in Karlsruhe

Police escort the suspect for Solingen's stabbing rampage, in Karlsruhe

ဂျာမနီနိုင်ငံအနောက်ပိုင်း Solingen မြို့မှာ လူ ၃ ယောက် သေဆုံး၊ ၈ ယောက် ဒဏ်ရာရခဲ့တဲ့ ဓားနဲ့ထိုး တိုက်ခိုက်မှုမှာ မသင်္ကာသူအဖြစ် ဖမ်းဆီးထားသူဟာ အသက် ၂၆ နှစ်အရွယ် ဆီးရီးယားအမျိုးသားဖြစ်ကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး၊ တိုက်ခိုက်မှု ကျုးလွန်ခဲ့ကြောင်း ဝန်ခံတယ်လို့လည်း Duesseldorf ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေရုံးက ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ဖမ်းဆီးထားသူရဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ အပြင်းအထန် စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

Solingen မြို့ရဲ့ နှစ်ပေါင်း ၆၅၀ သမိုင်းကြောင်း အထိမ်းအမှတ်ပွဲတော်အဖြစ် ဈေးထဲမှာ ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် IS စစ်သွေးကြွအဖွဲ့ကတော့ သူတို့လက်ချက်အဖြစ် ကြေညာခဲ့ပါတယ်။

ရှေ့လထဲ ပြည်နယ် ၃ ခုမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပြီး၊ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တွေကို တင်းကြပ်ဖို့ လိုလားတဲ့ လက်ယာစွန်း AFD ပါတီက အနိုင်ရမယ့် အလားအလာတွေလည်း ရှိနေချိန်မှာ တိုက်ခိုက်မှုနဲ့ မသင်္ကာသူ ဆီးရီးယား အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ရတာပါ။ မသင်္ကာသူ ထွက်လာတယ်လို့ဆိုတဲ့ Solingen မြို့က ဒုက္ခသည် အကူအညီပေးရေးစင်တာ တခုကိုတော့ စနေနေ့မှာပဲ ရှာဖွေခဲ့ကြောင်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ထားပါတယ်။