တနင်္ဂနွေနေ့က ဟောလီးဝုဒ်မှာ ကျင်းပခဲ့တဲ့ ၇၁ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာ ဘယ်သူမှ မျှော်လင့်မထားတဲ့ 12 Years a Slave ဆိုတဲ့ သမိုင်းနောက်ခံ ရုပ်ရှင်ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးသွားပါတယ်။
၁၉ ရာစုနှစ်ကာလ လူမည်းတယောက်ရဲ့ ကျွန်ဘဝကနေလွတ်မြောက်ဖို့ ရုန်းကန်ခဲ့တဲ့ခရီးကြမ်းကို ရိုက်ကူးတင်ပြထားတာပါ။ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု၊ မင်းသားဆု၊ ရုပ်ရှင်ဇာတ်ညွန်းဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ အမျိုးသားဇာတ်ဆောင်ဆုတွေအတွက် ဇကာတင် အမည်စာရင်း ကြေညာတဲ့ အချိန်မှာလည်း ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။
American Hustle ရုပ်ရှင်ဇာတ်ကားကတော့ အကောင်းဆုံးဟာသ ရုပ်ရှင်ဆုကို ရရှိသွားပါတယ်။ ပါဝင်သရုပ်ဆောင်ကြတဲ့ Amy Adams နဲ့ Jennifer Lawrence တို့လည်း အကောင်းဆုံး ဇာတ်ပို့ဆုတွေကို ဆွတ်ခူးသွားပါတယ်။
အကောင်းဆုံးမင်းသားနဲ့ မင်းသမီးဆုတွေကိုတော့ Dallas Buyers Club ရုပ်ရှင်ဇာတ်လမ်းထဲက မင်းသား Matthew McConaughey နဲ့ Blue Jasmine ရုပ်ရှင်ဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Cate Blanchett တို့ကို ချီးမြှင့်ခဲ့ပါတယ်။
ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးရုပ်မြင်သံကြား ဇာတ်လမ်းတွဲဆုအဖြစ် Walter White ဇာတ်လမ်းတွဲကို ချီးမြှင့် ခဲ့ပြီးတော့ မင်းသား Bryan Cranston ကို အကောင်းဆုံးရုပ်မြင်သံကြား သရုပ်ဆောင် မင်းသားဆု ပေးအပ်ခဲ့ပါတယ်။

Amy Adams, (ဝဲ)၊ Bradley Cooper and Jennifer Lawrence,