Guam ကျွန်းဟာ အမေရိကန်ရဲ့စစ်ရေးအရေးပါတဲ့ နေရာတခုဖြစ်

Guam ကျွန်း

Guam ကျွန်း

မြောက်ကိုရီးယားက ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာရှိတဲ့ အမေရိကန်ပိုင် Guam ကျွန်းကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် လိုက်တဲ့အတွက်၊ Guam ကျွန်းဟာ စင်ကာပူနိုင်ငံထက်သေးငယ်ပေမယ့်၊ စစ်ရေးအရ အရေးပါတဲ့ နေရာတခုဖြစ်လာနေပါတယ်။

တချိန်က စပိန်လက်အောက်ခံ ကိုလိုနီနယ်မြေဖြစ်ခဲ့တဲ့ Guam ကျွန်းဟာ ၊ ၁၉ ရာစုအကုန်ကတည်းက အမေရိကန်တွေ လက်အောက်မှာ ရှိခဲ့တာဖြစ်ပါတယ်။ Guam ကျွန်းဟာ အမေရိကန်ပြည်ထောင်စုအတွက် အဓိက စစ်အခြေစိုက်စခန်းအဖြစ်တည်ရှိလာခဲ့ပြီး၊ အမေရိကန်လေတပ်နဲ့ ရေတပ်စခန်းတွေက Guam ကျွန်းရဲ့ ၂၉ ရာခိုင်နှုန်းကို နေရာယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း၊ ဟာဝါရီ၊ သြစတြေးလျ နဲ့ အာရှဒေသနိုင်ငံတွေ အားလုံးကြားထဲမှာရှိတဲ့ အဓိကကျတဲ့ ရေငုပ်သင်္ဘောဆက်သွယ်ရေး အခြေစိုက်စခန်းဖြစ်ပါတယ်။

စတုရန်းကီလိုမီတာ ၅၅၄ ပဲရှိတဲ့ Guam ကျွန်းဟာ ၊ စစ်သည် ၇၀၀၀ နီးပါးအခြေစိုက်တဲ့ စစ်စခန်းတခုဖြစ်သလို၊ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်မှာ လက်ရှိရှိနေတဲ့ အမေရိကန်စစ်အင်းအားတွေကို ရွှေ့ပြောင်းပေးဖို့ှိရှိနေတာကြောင့် အနာဂတ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်တွေ ချထားဖို့လည်း မျှော်လင့်ရပါတယ်။

ဒါ့အပြင် ဒုတိယကမ္ဘာစစ်ကစပြီး၊ အမေရိကန်စစ်လေယာဉ်တွေအတွက် အဓိကကျတဲ့စစ်အခြေစိုက်စခန်းဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဂျပန်နိုင်ငံကို ဗုံးကျဲတိုက်ခိုက်ဖို့အတွက် Guam ကျွန်းမှာ ၁၉၄၄ ခုနှစ်က လေတပ်စခန်းတည်ဆောက်ခဲ့ပြီး၊ အဲဒီအချိန်ကတည်းကစပြီး Guam ကျွန်းမှာ လေတပ်နဲ့ ရေတပ်အင်အားတွေကို ဆက်ပြိး ထားရှိလာခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Guam ကျွန်းဟာ အမေရိကန်ရဲ့စစ်ရေးအရေးပါတဲ့ နေရာတခုဖြစ်