အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဟာမတ်စ်ခေါင်းဆောင်ရဲ့သားသုံးဦးသေဆုံး

Iran Palestinians Israel

ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းက တိုက်ခိုက်ရာမှာ သူ့ ရဲ့ သားသုံး‌ယောက်နဲ့ မြေး ၂ ယောက်တို့ သေဆုံးသွားခဲ့ကြောင်း ဟာမတ်စ်ရဲ့ အကြီးဆုံး ခေါင်းဆောင် Ismail Haniyeh က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။ အယ်ဂျာဇီးရားနဲ့ အင်တာဗျူးမှာ Ismail Haniyeh က ဒီသတင်းကို အတည်ပြုပါတယ်။

ဂါဇာစီးတီး က ရှာတီ ဒုက္ခသည်စခန်းအနီးမှာ ကားမောင်းသွားနေတုန်း လေကြောင်းအတိုက်ခံရတဲ့အတွက် Hazem, Ameer နဲ့ Mohammed Haniyeh တို့ဟာ တခြား မိသားစုတွေနဲ့အတူ သေဆုံးသွားခဲ့တယ်လို့ အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေက ဆိုပါတယ်။ Ismail Haniyeh ဟာ ခုအခါမှာ ကာတာနိုင်ငံမှာ အဝေးရောက်အနေနဲ့ နေထိုင်နေတာပါ။ မြေးနှစ်ယောက်လည်း သေဆုံးသွားကြပြီး၊ နောက်တစ်ယောက်ကတော့ ဒဏ်ရာရရှိသွားတယ်လို့ ဟာမတ်စ် သတင်းက ဆိုပါတယ်။

ဆွေးနွေးညှိုနှိုင်းမှုနဲ့ပတ်သက်လို့တော့ ဟာမတ်စ် တောင်းဆိုချက်က ရှင်းလင်းတိကျပြီး၊ အစ္စရေး ကို လိုက်လျောမှာ မဟုတ်ဘူးလို့ Ismail Haniyeh က ပြောပါတယ်။ ဆွေးနွေးပွဲထိပ်ကိုရောက်နေချိန်မှာ သူ့သား ၃ ယောက်ကို ပစ်မှတ်ထားခြင်းအားဖြင့် သူ့ရဲ့ရပ်တည်ချက် ပြောင်းသွားမယ်လို့ မျှော်လင့်နေရင်၊ ဒါဟာ ထင်ယောင်မှုသာ ဖြစ်မယ်လို့လည်း သူ က ဆိုပါတယ်။ ခုလို တိုက်ခိုက်ခဲ့တာ ကို အစ္စရေးကလည်း အတည်ပြုပြီး၊ သားသုံးယောက်လုံးဟာ စစ်သွေးကြွအုပ်စုဝင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

SEE ALSO:

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဟာမတ်စ်ခေါင်းဆောင်ရဲ့သားသုံးဦးသေဆုံး