ပြင်းထန်တဲ့ ဦးခေါင်းနဲ့ ဦးနှောက် ထိခိုက်မှု့ ဒဏ်ရာတွေအကြောင်း

  • ဝင်းမင်း

ပြင်းထန်တဲ့ ဦးခေါင်းနဲ့ ဦးနှောက် ထိခိုက်မှု့ ဒဏ်ရာတွေအကြောင်း

အမေရိကန် အမျိုးသမီး လွှတ်တော်အမတ် ဂယ်ဘရီလာ ဂစ်ဖ်ဖေါ့ဒ်စ် (Gabrielle Giffords) ဇန္နဝါရီ ၈ ရက်မှာ ဦးခေါင်းကို သေနပ်နဲ့ အနီးကပ် အပစ်ခံခဲ့ရပေမယ့် သူ အသက်မဆုံးရှုံးရအောင် အမြန်ခွဲစိပ်မှုနဲ့ ဦးနှောက်ရောင်ပြီး ဦးခေါင်းတွင်း ဖိအားများမလာအောင် ဦးနှောက်ကို ဖွင့်ပြီး ကြိုးစားကုသပေးနေပါတယ်။

တဆက်တည်းမှာ မြန်မာပြည်မှာရော ဘယ်လိုမျိုး ဦးခေါင်းနဲ့ ဦးနှောက်ဒဏ်ရာတွေဖြစ်တတ်ပါသလဲ၊ ဖြစ်လာရင် အသက်မဆုံးရှုံးရအောင် ဦးခေါင်းတွင်း ဖိအားတွေများလာစေနိုင်တဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေကိုသိပြီး ဆေးရုံဆေးခန်းအမြန်သွားဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းအရာတွေကို ဗွီအိုအေ (VOA) သတင်းထောက် ကယ်ရိုး ပီယာစန် (Carol Pearson) တင်ပြထားတဲ့ သတင်းဆောင်းပါးကို ကောက်နုတ်ပြီး ကိုဝင်းမင်းက ဦးနှောက်နဲ့ အာရုံကြော အထူးကု မြန်မာဆရာဝန် ဒေါက်တာစိုးမြင့်အောင် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။