ရင်သားကင်ဆာ

  • ဝင်းမင်း

ရင်သားကင်ဆာ

လေ့လာမှု့အသစ်တခုအရ ကမ္ဘာပေါ်မှာ ရင်သားကင်ဆာ ဖြစ်နှုန်းများလာနေပါတယ်၊ ဒါပေမဲ့ ဖွံဖြိုးပြီး ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ဒီကင်ဆာကြောင့် သေနှုန်းကတော့ ကျဆင်းလာနေပါတယ်၊ အကြောင်းက ဒီနိုင်ငံတွေမှာ ရင်သားကင်ဆာဆိုင်ရာ ဓာတ်မှန်ရိုက် ဆေးစစ်နိုင်တာနဲ့ ဆေးကုသမှု့တွေကို လက်လှမ်းမှီနိုင်တာတွေကြောင့်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဖွံ့ဖြိုးဆဲ၊ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ရင်သားကင်ဆာကြောင့် သေနှုန်းမြင့်မားလာနေဆဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်က ဆိုပါတယ်။

ဖွံဖြိုးဆဲနိုင်ငံတခု ဖြစ်နေသေးတဲ့ မြန်မာနိုင်ငံမှာလည်း ရင်သားကင်ဆာဟာ သားအိမ်ကင်ဆာပြီးရင် ဒုတိယအဖြစ် အများဆုံး ကင်ဆာဖြစ်တယ်၊ သေနှုန်း အတိအကျ မသိသေးပေမဲ့ စောစောသိရင် အများစုကို လုံးဝပျောက်သွားအောင် ကုပေးနိုင်တယ်လို့ မြန်မာကင်ဆာ အထူးကုတွေက ဆိုကြပါတယ်။ အခုလို စောစောသိအောင် ဘာတွေ သိဖို့၊ လုပ်ဖို့ လိုပါသလဲ။

ဒါ့အပြင် ရင်သားကင်ဆာက သားအိမ်ကင်ဆာနဲ့ ယှဉ်လိုက်ရင် ကာကွယ်ရ ခက်ပေမယ့်၊ ဒီရောဂါအဖြစ်များစေတဲ့ အကြောင်းတွေကို သိထားရင်တော့ ကာကွယ်ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်နိုင်ပါတယ်။

ဒီအကြောင်းကို VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲက ကင်ဆာအထူးကု နဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင် တို့နဲ့ မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။