သွေးလွန်တုတ်ကွေး ကုသ၊ ကာကွယ်ရေး

  • ဝင်းမင်း

ခြင်ကြားကိုက်ရာကနေ ကူးစက်တဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ အရင်မဖြစ်တော့တဲ့ အမေရိကတိုက်ဖက်မှာ ပြန်ဖြစ်လာနေချိန်မှာ၊ အရင်ကထဲက ဖြစ်လေ့ရှိတဲ့ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသတွေမှာ လူအများ၊ အထူးသဖြင့် ခလေးတွေကို၊ ပြင်းပြင်းထန်ထန် ဖျားနာစေပြီး အသေအပျောက်လည်းရှိစေတာ ဘာကြောင့်ပါလဲ။

ရောဂါပိုးသေအောင် ကုသဆေးမရှိဘဲ၊ ရောဂါပိုးကြောင့် ဖြစ်လာတဲ့ လက္ခဏာတွေ သက်သာအောင်သာ ကူညီထောက်ပံပေးမှု့ပဲ လုပ်ပေးနိုင်တဲ့ ဒီရောဂါကြောင့် အခုလို သေဆုံးရမှု့ လျော့ချနိုင်အောင် ဘာတွေသိဖို့၊လုပ်ဖို့လိုပါသလဲ။
မြန်မာနိုင်ငံမှာ မိုးရာသီမှာ ပိုအဖြစ်များပြီး ကာကွယ်ဆေးလည်း မပေါ်သေးတဲ့ သွေးလွန်တုတ်ကွေးရောဂါကနေ ကာကွယ်နိုင်ဖို့က၊ ရောဂါဖြစ်လာမှ ကုသတာထက် ပိုအရေးကြီးလာနေတာမို့၊ အခုလို ကာကွယ်နိုင်ရေးအတွက် သွေးလွန်တုတ်ကွေးသယ်တဲ့ ခြင်ကြားမပေါက်ဖွားနိုင်အောင်နဲ့ အကိုက်မခံရအောင် ဘာတွေလက်တွေ့ လုပ်နိုင်ပါသလဲ။

ဒီအကြာင်း VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲမှာ သွေးလွန်တုတ်ကွေး တိုက်ဖျက်ရေး ဝိုင်းကူလုပ်ဆောင်ပေးနေသူ ဒေါက်တာအေးယုစိုး နဲ့ ဒေါက်တာမြင့်ဇော်တို့နဲ့ မေးထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။