ငှက်ဖျားရောဂါ ကာကွယ်ဆေး နဲ့ မြန်မာနိုင်ငံ

  • ဝင်းမင်း

ငှက်ဖျားရောဂါ ကာကွယ်ဆေး နဲ့ မြန်မာနိုင်ငံ

ကမ္ဘာပေါ်မှာ နှစ်စဉ် လူသန်းပေါင်း ၂၅၀ နီးပါး ငှက်ဖျားဖြစ်ကြပြီး၊ ဒီအထဲမှာ ကလေးငယ်ပေါင်း တစ်သန်းနီးပါး နှစ်စဉ်သေနေရတယ်လို့ WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ဒါကို ကာကွယ်နိုင်ရေး ငှက်ဖျားရောဂါ ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့တခုက ဒီအသစ်ရှာဖွေတွေ့လိုက်တဲ့ RTS,S လို့ ခေါ်တဲ့ဆေးဟာ ကလေးငယ်တွေမှာ ငှက်ဖျားဖြစ်ဖို့ကနေ ၅၀% နီးပါး ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လို လေလာချက်တွေ ရှိလိုက်တာပါလဲ။ နောက်ထပ် ဘယ်လို စမ်းသပ်မှုတွေလုပ်ဖို့ရှိပြီး ဘယ်တော့ စသုံးနိုင်ဖို့ အလားအလာရှိနေပါလဲ။

မြန်မာနိုင်ငံမှာရော ဒီ ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းမှာ ဘယ်လို တိုးတက်မှုတွေ စိန်ခေါ်မှုတွေ ရှိနေပြီး၊ ပြည်သူတွေ ကိုယ်တိုင်ရော ဘာတွေ ဝိုင်းလုပ်ပေးနိုင်ပါသလဲ။

ဒီ အကြောင်းတွေကို VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်နေတဲ့ ဒေါက်တာအေးယုစိုး နဲ့ ငှက်ဖျားရောဂါအဖြစ်များတဲ့ မြန်မာနယ်စပ်က နယ်လှည့် ကျန်းမာရေးအဖွဲ့ခေါင်းဆောင် ဆရာမန်းမန်းတို့ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။