ကလေး ပန်းနာရင်ကြပ်ရောဂါ

  • ဝင်းမင်း
မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ ကလေး ပန်းနာရင်ကြပ်ရောဂါအတွက် အရင်သိခဲ့တာတွေက သွေးမတဲ့တာကြောင့်လို့ပဲဖြစ်ပြီး၊ ဖြစ်လာမှသာ ကုသမှု့ပေးလေ့ ရှိခဲ့ပါတယ်။

အခုတော့ ပန်းနာရင်ကြပ် ဖြစ်သူတွေမှာ လေပြွန်အမြဲလိုလို ရောင်ရမ်းနေတာကို လေ့လာတွေ့ရှိ လိုက်တာကြောင့် အခုလိုမရောင်အောင် ထိန်းပေးထားနိုင်ရင်၊ ရောဂါရှိနေပေမယ့်၊ ရောဂါဒဏ် မခံရအောင် ကာကွယ်ပေးနိုင်ပြီလို့ ကလေးကျန်းမာရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် ဒီရောဂါအတွက် ရှုဆေးသုံးတာက သောက်ဆေးသုံးတာထက် ပိုထိရောက်နိုင်ပေမဲ့ ရှုဆေးသုံးပုံသုံးနည်း မှန်ဖို့က အထူးအရေးကြီးနေပါတယ်။

ဒီအကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာ/ပညာဌာန ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။