အခုအချိန်ကာလဟာ မြန်မာနိုင်ငံမှာ မိုးတွင်းကာလဖြစ်တာမို့ ဒီရာသီအတွင်း အဖြစ်အများဆုံး ရောဂါတွေထဲမှာ အန္တရာယ်အကြီးဆုံးက သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါတယ်။
ဒီရောဂါဟာ ကလေး လူကြီးမရွေးဖြစ်တတ်ပြီး ငယ်ရွယ် နုနယ်တဲ့ ကလေးတွေအဖို့ အသက်အန္တရာယ်ဆုံးပါးနိုင်တဲ့ထိ အန္တရာယ်ကြီးမားပါ တယ်။
ဒီရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး၊ ကုသရေး စတာတွေကို မြန်မာနိုင်ငံဆရာဝန်အသင်းက ဒေါက်တာမြင့်ဇော်နဲ့ ဆက်သွယ်မေးမြန်း ပြီး ဒီသီတင်းပတ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။