မြန်မာနိုင်ငံမှာ အဖြစ်များပြီး၊ သေဆုံးနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်စေနိုင်တဲ့ ဆီးချိုရောဂါကို မဖြစ်ခင် ကြိုတင်ကာကွယ် ကုသနိုင်ရင် အကောင်းဆုံးလို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။
အခုလို ဆီးချိုရောဂါ ပထမအဆင့် ကာကွယ်ရေးအနေနဲ့ ထိရောက်စေနိုင်ဖို့ စားပုံသောက်ပုံ၊ နေထိုင်လှုပ်ရှားပုံနဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းပြီး ဘယ်လို ရှောင်ရန်၊ဆောင်ရန်တွေ ရှိပါသလဲ။
ဒီအကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် နဲ့ ဆီးချိုအထူးကု ဒေါက်တာတင့်ဆွေလတ် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။