အရေပြား ယားနာရောဂါ

  • ဝင်းမင်း

ဒီတပတ် ကျန်းမာရေးအစီအစဉ်မှာ လူ့ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တတ်တဲ့ ယားနာတွေနဲ့ ပတ်သက်ပြီး အရေပြားယားနာ ဘယ်လိုဖြစ်လေ့ရှိသလဲ။ ယားနာဖြစ်လာတဲ့ လက္ခဏာအနေအထားက ဘယ်လိုရှိပါသလဲ။ ဘယ်လိုလူတွေမှာ ယားနာရောဂါ ပိုဖြစ်နိုင်သလဲ။

ယားနာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ကုသမှုမျိုးတွေ ရှိပြီး မဖြစ်အောင်၊ ကုသပြီးနောက် နောက်ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်တားဆီးမှုတွေလုပ်သင့်၊ ကုသသင့်ပါသလဲ။

ဒီ ယားနာ ပြဿနာအကြောင်းဆိုင်ရာကို အသေးစိတ် သိရှိနားလည်းဖို့ မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။