ဟောင်ကောင်မှာ စိတ်ဝေဒနာရှင်ဦးရေ တိုးလာ

Керрі та голова уряду Оману.

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဟောင်ကောင်ကျွန်းမှာရှိတဲ့ သုတေသီတွေဟာ လာမယ့် လအနည်းငယ်အတွင်းမှာ သုတေသန လုပ်ကြပါမယ်။ မကြာခင်ကာလတွေအတွင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့ယွင်းမှုတွေနဲ့ ဆက်နွယ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ပြီးနောက်မှာ အခုလို သုတေသနလုပ်ဖို့ ဖြစ်လာတာပါ။ ဒီအကြောင်း ဟောင်ကောင်ကနေ ဗီအိုအေ သတင်းထောက် Heda Bayron က သတင်း ပေးပို့ထားတာကို အခြေခံပြီး အခုတပတ် ကျန်းမာရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။