ဒီတပတ်ကျန်းမာရေးကဏ္ဍမှာ ငုပ်လျှိုး တီဘီရောဂါ အန္တရာယ်ကို ပြောထားပါတယ်။
ကမ္ဘာမှာလူပေါင်းသန်းနဲ့ချီပြီး တီဘီလို့ လူသိများတဲ့ အဆုတ်နာရောဂါ ကူးစက်နေပါတယ်။ ဒီရောဂါဟာ လက္ခဏာမပြတဲ့ ငုပ်လျှိုးတီဘီအဆင့်မှာရှိနေတာကနေ ကူးစက်တဲ့အဆင့်ရောက်ဖို့ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။ အဲဒီလို ကူးစက်စေတဲ့အဆင့်မရောက်မီ ငုပ်လျှိုးတီဘီအန္တရာယ်ကို ဘယ်လို ကိုင်တွယ်သင့်ပါလဲ။
ဒီအကြောင်း Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ကိုဝင်းမင်းက မေးထားပါတယ်။