ကိုယ်လက်လှုပ်ရှားမှု နဲ့ ဦးနှောက်အသိဉာဏ်

  • ဝင်းမင်း

ကိုယ်လက်လှုပ်ရှားမှု နဲ့ ဦးနှောက်အသိဉာဏ်

နိုင်ငံများစွာမှာ ကာယအားကစား၊ ကိုယ်လက်လှုပ်ရှားမှု့ကြောင့် ကျောင်းစာပိုတော်စေပြီး၊ အသက်ကြီးလာချိန်မှာလဲ ဦးနှောက်မှတ်ဉာဏ်၊အသိဉာဏ် ပျက်စီးတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးထားတာကို သတိမထားမိကြပါဘူး။

အခုတော့ နယ်သာလန်နဲ့ ကနေဒါနိုင်ငံတွေက လေ့လာတွေ့ရှိချက်သစ်တွေအရ ကျောင်းတွေမှာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်သူတွေက အမှတ်ပိုကောင်းတာကို တွေ့ရှိလိုက်ပြီး၊ ဆယ်ကျော်သက်မှာ ကာယလှုပ်ရှားမှု့၊ အားကစား ပုံမှန်လုပ်သူတွေဟာ အသက်ကြီးလာချိန်မှာလဲ မှတ်ဉာဏ်ချို့ယွင်းမှု့ အန္တရာယ်ဖြစ်ဖို့ နည်းသွားတာကို တွေ့ရှိလိုက်ပါတယ်။

ဘယ်လိုကြောင့်ပါလဲ။ ဘဝတလျောက်လုံး မှတ်ဉာဏ်၊ အသိဉာဏ် ထိခိုက်မှု့နည်းအောင် တခြား ဘာတွေ ဆောင်သင့်၊ရှောင်သင့်ပါသလဲ။ ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာနဲ့ အသက်ကြီးလာသူတွေမှာ မှတ်ဉာဏ် အသိဉာဏ် ကျဆင်းမှု့အကြောင်း အထူးပြု လေ့လာသုတေသနလုပ်နေတဲ့ ဗြိတိန်နိုင်ငံက မြန်မာဆရာဝန် ဒေါက်တာဖြိုးကျော်မြင့် ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။