ကလေးငယ်များ သေဆုံးမှုနဲ့ ပြင်းထန်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေး အများစုဟာ အန္တရာယ်ကင်းပြီး၊ အကျိုးကျေးဇူးများတာကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ မိဘတွေအနေနဲ့ လုပ်ဆောင်ပေးဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းပြောဆိုကြပါတယ်။
ကာကွယ်ဆေးကြောင့် ပပျောက်သွားတဲ့ ရောဂါကတော့ လူသေကြေမှုနဲ့ အရုပ်ဆိုးမှု ဖြစ်စေခဲ့တဲ့ ကျောက်ရောဂါ ဖြစ်ပါတယ်။ ကာကွယ်ဆေးကြောင့် မကြာခင် ပပျောက်ဖို့ ရှိနေတဲ့ ရောဂါတွေထဲမှာ ပိုလီယိုအကြောသေရောဂါ၊ ဝက်သက်ရောဂါ၊ မိခင်နဲ့မွေးကင်းစ မေးခိုင်ရောဂါ၊ ဆုံဆို့နာနဲ့ မွေးရာပါ ချို့ယွင်းမှုဖြစ်စေတဲ့ ဂျိုက်သိုးရောဂါတွေ ပါဝင်ပါတယ်။
အမျိုးသားကာကွယ်ဆေး အစီအစဉ်အရ ကလေးမွေးမွေးချင်းမှာ ပထမတစ်ကြိမ်၊ ဒုတိယ (၂) လ မှာ တစ်ကြိမ်၊ တတိယ (၄) လ နဲ့ (၆) လမှာ တစ်ကြိမ်၊ စတုတ္ထ (၉) လမှာ တစ်ကြိမ်၊ ပဉ္စမ တစ်နှစ်ခွဲမှာ တစ်ကြိမ် ကာကွယ်ဆေး (၉)မျိုးကို ဆေးရုံ၊ ဒေသန္တရ ကျန်းမာရေးဌာနတွေ နဲ့ ကျေးလက်သူနာပြု၊ သားဖွားဆရာမတွေမှတဆင့် ထိုးပေးနေပါတယ်။ ဘယ်လို ကာကွယ်ဆေးမျိုးတွေပါလဲ။
အခြားဖွံဖြိုးပြီး နိုင်ငံတွေမှာ အထက်ပါ (၉) မျိုးအပြင် ကာကွယ်ဆေးပေါင်း (၁၇) မျိုးကို ထိုးပေးနေတာမို့ ပြင်ပမှ အခြားကာကွယ်ဆေးတွေကိုလည်း ထိုးပေးသင့်ပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း ဒီကာကွယ်ဆေးထိုးလုပ်ငန်းမှာ ဘယ်လို ပူးပေါင်းကူညီနိုင်ပါလဲ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။