ဟစ်တလာရဲ့ မာစီဒီး လေလံတင်မည်

ဂျာမနီ နိုင်ငံက အာဏာရှင် အဒေါဖ့် ဟစ်တလာ သုံးခဲ့တဲ့ ရှားပါးတဲ့ မာစီးဒီး ဇိမ်ခံကားကို ဒီသီတင်းပတ်ထဲမှာပဲ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား ပြည်နယ်မှာ လေလံတင်တော့မှာ ဖြစ်ပါတယ်။

၁၉၃၉ ခုနှစ်ထုတ် ပုံစံ မာစီးဒီး ကားဟာ အဲဒီအချိန်က ထုတ်လုပ်ခဲ့တဲ့ ၄ စီးထဲက တစီး ဖြစ်ပါတယ်။

အဲဒီကားဟာ အာဏာရှင် ဟစ်တလာ ပြင်သစ်နိုင်ငံကို သိမ်းနိုင်ခဲ့ပြီးတဲ့နောက် အောင်ပွဲခံ စစ်ရေးပြပွဲမှာ စီးခဲ့တဲ့ ကားဖြစ်ပြီး အဲဒီနောက်မှာ ပိုင်ရှင် အဆင့်ဆင့် ပြောင်းခဲ့တာပါ။

အဲဒီကားကို ဒေါ်လာ သန်းပေါင်းများစွာ ဈေးတင်နိုင်တယ်လို့ အမေရိကန် သတင်းတွေမှာ ဖေါ်ပြပါတယ်။

လေလံတင်သူတွေကတော့ ရောင်းရငွေထဲက ၁၀ ရာခိုင်နှုန်းကို လှုဒါန်းမယ်လို့ ပြောပါတယ်။ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဘာ့ကြောင့်ဖြစ်ခဲ့တယ်၊ နောင်မှာ ဒီလို ရက်စက်မှုတွေကို ဘယ်လို ကာကွယ်နိုင်မယ်၊ ဆိုတာတွေကို လေ့လာရေးမှာ သုံးစွဲဖို့အတွက် လှုဒါန်းမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဟစ်တလာရဲ့ မာစီဒီး လေလံတင်မည်