ဟောင်ကောင် တက္ကသိုလ်ကျောင်းသားများ တပတ်ကြာသပိတ် စတင်

ဟောင်ကောင်တက္ကသိုလ်ကျောင်းဝန်းထဲမှာ တရုတ်ပြည်မကြီးအစိုးရကို ဆန့်ကျင်သပိတ်ဆင်နွဲှနေသူ ကျောင်းသားများ။ (၀၉-၂၂-၁၄)

ဟောင်ကောင်းမှာ ထောင်နဲ့ချီတဲ့ကျောင်းသားတွေက တရုတ်အစိုးရအနေနဲ့ ဒီမိုကရေစီအပြည့်အဝရှိတဲ့ ရွေးကောက်ပွဲမလုပ်ပေးနိုင်တဲ့အပေါ် တပတ်ကြာ ဆန္ဒပြပွဲ ဒီနေ့ စတင်လိုက်ပါပြီ။

ဟောင်ကောင် တက္ကသိုလ်ကျောင်းသား Hong Yuen က တရုတ်ပြည်သူ့ လွှတ်တော်အနေနဲ့ သြဂုတ်လ ၃၁ ရက်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ဟောင်ကောင်ပြည်သူတွေရဲ့ ဒီမိုကရေစီရေး အိမ်မက်တွေ ပျက်ပြယ်သွားခဲ့ရတယ်လို့ ဝေဖန်လိုက်ပါတယ်။

အရင် ဗြိတိသျှ အစိုးရအောက်မှာ ရှိခဲ့တဲ့ ဟောင်ကောင်နိုင်ငံတဝှမ်းက တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ သူတို့အတန်းတွေကို မတက်ကြတော့ဘဲ ကောင်ကောင်တက္ကသိုလ် ပရဝုဏ်ထဲကို ဒီနေ့လည်မှာ စုပြုံဝင်ရောက်လာခဲ့ကာ ခုလို ဆန္ဒပြပွဲတွေကို စတင်လိုက်တာပါ။

တရုတ်အစိုးရ အလိုကျလုပ်ပေးတဲ့ လွှတ်တော်အမြဲတမ်းကော်မတီတခုက ဟောင်ကောင်ရွေးချယ်ခံ ကိုယ်စားလှယ်တွေကို လွတ်လွတ် လပ်လပ် အဆိုပြုခွင့် ရုပ်သိမ်းလိုက်ပြီး ဒီကော်မတီက စီစစ်ရွေးချယ်ပေးဖို့ တောင်းဆိုလာတဲ့အပေါ် မကျေနယ်လို့ခုလို ဆန္ဒပြနေကြတာပါ။

ဟောင်ကောင်တက္ကသိုလ်ကျောင်းဝန်းထဲမှာ တရုတ်ပြည်မကြီးအစိုးရကို ဆန့်ကျင်သပိတ်ဆင်နွဲှနေသူ ကျောင်းသားများ။ (၀၉-၂၂-၁၄)

ဟောင်ကောင်အနေနဲ့ အရင်ဗြိတိသျှလက်အောက်ကနေ ၁၉၉၇ မှာ တရုတ်လက်အောက် ပြန်လွှဲခံခဲ့ရရာမှာ ဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မြင့်မားမားပေးပြီး ၂၀၁၇ မှာ သူတို့ခေါင်းဆောင်ကို ဒီမိုကရေစီကျကျ ရွေးခွင့်ပေးမယ်လို့ ကတိရခဲ့ပါတယ်။