ကချင် ပဋိပက္ခ ဘယ်လို အဆုံးသတ်မလဲ

How to End Fighting in Kachin Area

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေ၊ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဖက်ကတော့ သူ့ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပြီး ဆွေးနွေးနေတာတွေ ရှိပါတယ်။ တဖက်မှာတော့ လွှတ်တော်အမတ် တချို့က ကြားလူထားပြီး ဆွေးနွေးသင့်တယ်လို့ အဆို တင်သွင်းလာသလို၊ တချို့ကလည်းပဲ တချို့လည်းပဲ ကချင်သူပုန်တွေကို စစ်ရေးအရ ချေမှုန်းရမယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လမ်းစဉ်ဟာ အသင့်တော်ဆုံး လမ်းစဉ်လည်းဆိုတာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး၊ မွန်လူ့အခွင့်အရေးအဖွဲ့က နိုင်ကဆော့မွန်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေး တင်ပြထားပါတယ်။