ဖားကန့် လေကြောင်းတိုက်ခိုက်မှု ICC တရားရုံးပို့ဖို့ HRW တိုက်တွန်း 

KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)

[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရတဲ့အထိ တနင်္ဂနွေနေ့က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးကို လွှဲသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အင်္ဂါနေ့ က ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒါ့ထက် ပိုတိုးလုပ်ဆောင်ဖို့ တကယ့်ကို လိုနေပါတယ်။” လို့ HRW ရဲ့ သုတေသီ Manny Maung က အေပီ သတင်းကို ပြောသွားတာပါ။ လက်နက်တင်ပို့မှု ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့လည်း သူက ကုလသမဂ္ဂကို တိုက်တွန်းပါတယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အထောက်အထားတွေ ရှိနေတာကြောင့် အနိမ့်ဆုံး အပြည်ပြည်ဆိုင်ရာတရားရုံးကို ပို့သင့်တယ်လို့လည်း သူက ဆိုသွားပါတယ်။ လမ်းတွေကို မြန်မာစစ်တပ်က ပိတ်ထားတာကြောင့် ဒဏ်ရာရသူတွေ ဆေးကုလို့မရအောင် တားဆီးထားသလိုဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးများလာတာနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အင်ဒိုနီးရှား နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရက်ပိုင်းအလိုမှာ ခုလို ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ကေအိုင်အေ အဖွဲ့ရဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် ဂီတ ဖျော်ဖြေပွဲတရပ်ကို အနန့်ပါကျေးရွာမှာ ကျင်းပနေစဉ် စစ်တပ်က ‌လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကေအိုင်အေအမှုထမ်းတွေ အပါအဝင် အရပ်သား ၅၀ ထက်မနည်း သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖားကန့် လေကြောင်းတိုက်ခိုက်မှု ICC တရားရုံးပို့ဖို့ HRW တိုက်တွန်း.wav

==========

[[Unicode]]



