နိုင်ငံတကာက ထောက်ပံ့ကူညီရေးအဖွဲ့တွေအပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်ကန့်သတ်မှုတွေ လုပ်နေတာဟာ မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေခံလိုအပ်မှု အခြေ အနေတွေ ပိုဆိုးစေတယ်လို့ လူ့အခွင့်အရေးလေ့လာ မှတ်တမ်းတင်နေတဲ့ Human Rights Watch အဖွဲ့က ပြောလိုက်ပါတယ်။
နယ်စပ်ကနေ ရိုဟင်ဂျာတွေ ထပ်မံဝင်ရောက်လာဖို့ အားပေးရာရောက်တဲ့အတွက် ကူညီထောက် ပံ့မှုတွေ ပေးနေတဲ့ ပရဟိတအဖွဲ့ သုံးခုကို အကူအညီပေးတာရပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ငတ်မွတ်မှုတိုက်ဖျက်ရေး Action Against Hunger အဖွဲ့နဲ့ Muslim Aid အဖွဲ့တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazaar မှာရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာသန့်ရှင်းမှုတို့အပြင် တခြား အခြေခံ လိုအပ်တဲ့ အကူအညီတွေပေးနေတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ခန့်မှန်းခြေ နှစ်သိန်းလောက် ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေကို အင်မတန် ဆိုးဝါးအောင် လုပ်နေတယ်လို့ Human Rights Watch အဖွဲ့က ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။