Helene မုန်တိုင်းကြောင့် ၄၄ ယောက်ထက်မနည်း သေဆုံး

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ Helene မုန်တိုင်းကြောင့် သေဆုံးသူ ၄၄ ယောက်ထက်မနည်း ရှိနေပါတယ်။ မုန်တိုင်းကြောင့် အသက်အန္တရာယ် ရှိနိုင်လောက်တဲ့အထိ မြို့တွေမှာ ရုတ်တရက် ရေကြီးတဲ့ဒဏ်ကို ခံရနိုင်ခြေ ရှိနေသေးတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။