ဟာရီကိန်း Isaac ဟာ နယူးအော်လင်းမြို့ကို ဦးတည်နေပြီး လူဝီဆီယားနား၊ မစ္စစ္စပီပြည်နယ်တွေကနေ အာကင်ဆောပြည်နယ်ကို ရောက်သွားနိုင်ပါတယ်။
အမေရိကန်မြောက်ဘက် ကမ်းရိုးတန်းကို မိုးသက်လေပြင်းတွေနဲ့အတူ ရောက်ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Isaac ဟာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း ဝင်ရောက်လာနေပြီး New Orleans မြို့ကို ဦးတည်နေပါတယ်။ မုန်တိုင်း ဗဟိုချက်ဟာ Louisiana ပြည်နယ်ပေါ်မှာ မနက်ဖြန် ကြာသပတေးနေ့ အထိ ရှိနေပြီး သောကြာနေ့ အစောပိုင်းမှာတော့ ကပ်လျက်ရှိနေတဲ့ Arkansas ပြည်နယ် ကို ရောက်လာ မယ်လို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်း မုန်တိုင်းဌာနက ပြောပါတယ်။
ဟာရီကိန်း Isaac ဟာ လေတိုက်နှုန်း တနာရီကို မိုင် ၈၀ လောက်အထိ ရှိနေဆဲ ဖြစ်တဲ့အတွက် မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြုံရနိုင်တယ်လို့လည်း မိုးလေဝသ ခန့်မှန်းသူတွေက သတိပေး ထားတာပါ။ New Orleans မြို့ရဲ့ အရှေ့တောင်ဘက် Plaquemines Parish မှာရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေကတော့ မုန်တိုင်းကြောင့် မက္ကဆီကို ပင်လယ်ကွေ့က ဝင်လာတဲ့ ရေတွေ သိသိသာသာ တက်လာနေပြီး အကာအရံ အတားအဆီးတွေကိုပါ ကျော်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။
တချို့နေရာတွေမှာ မိုးရေချိန်ဟာ လက္မ ၂၀ လောက်အထိ ရှိနိုင်ပြီး Louisiana နဲ့ Mississippi ပြည် နယ် နေရာတချို့မှာ ဆိုရင်လည်း ရေဟာ ၁၃ ပေလောက်အထိ တက်လာနိုင်တယ်လို့လည်း သတိပေးထားတာပါ။
Mississippi ပြည်နယ် အုပ်ချုပ်ရေးမှူး Phil Bryant ကတော့ မုန်တိုင်းဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်နိုင်တယ်လို့လည်း ဒေသခံတွေကို သတိပေးထားပါတယ်။