ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်လို့ IMF သုံးသပ်

Your browser doesn’t support HTML5

ကမ္ဘာ့စီးပွားရေးဟာ စိန်ခေါ်မှုတွေကြားမှာကိုပဲ မျှော်လင့်ထားတဲ့ထက် ပိုပြီးခိုင်မာကြံ့ခိုင်နေတာကို တွေ့ရတယ်လို့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က ပြောပါတယ်။ တရုတ်သတင်းဌာန CMG နဲ့ သောကြာနေ့က မေးမြန်းခန်းမှာ IMF ဦးဆောင်ညွှန်ကြားရေးမှူးက အခုလို ပြောသွားတာပါ။