အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု ဝင်ရောက်မှာကြောင့် အနီရောင်သတိပေးချက် ထုတ်ပြန်ထားရပြီး အာဏာပိုင်တွေကလည်း မုန်တိုင်းရွေ့လျားရာလမ်းကြောင်းမှာ ရှိနေကြသူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းနေရပါတယ်။
Phailin မုန်တိုင်းဟာ ဒေသစံတော်ချိန်စနေနှောင်းပိုင်းမှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်မယ်လို့ မိုးလေဝသ အရာရှိတွေက ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံကို ဝင်ရောက်တဲ့ မုန်တိုင်းတွေထဲမှာ အားအပြင်းထန်ဆုံး ဖြစ်မှာပါ။ ကမ်းရိုးတန်းပိုင်းက ရွာတွေမှာ မိုးတွေ စသည်းနေပါပြီ။ လေပြင်းကြောင့် သစ်ကိုင်းတွေလည်း ကျိုးကုန်ပြီး ဒေသခံမိသားစုတွေက မိုးကြားလေကြားမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ကြိုးစားနေကြပါတယ်။
ကမ်းရိုးတန်းနဲ့ မိုင် ၆၀ လောက်ပဲဝေးတဲ့ သြရိသပြည်နယ်မြို့တော် Bhubaneshwar မှာ မနက်ကတည်းက ကောင်းကင်ပြင်တခုလုံး မဲမှောင်နေပါတယ်။ လက်ရှိတနာရီကို ၁၃၆ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး ဒီထက်တောင်မှ အားပြင်းလာနိုင်တဲ့ Phailin မုန်တိုင်းနီးလာတဲ့အချိန်မှာ အရင်တုံးက မြို့ကနေထွက်ခွာဖို့ တွန့်ဆုတ် နေကြသူတွေတောင် အခု ထွက်ခွာဖို့ ဆန္ဒရှိကြတယ်လို့ သြရိသပြည်နယ်ရဲ့ အထူးကူညီကယ်ဆယ်ရေး ကော်မရှင်နာမင်းကြီး Pradeep Kumar Mohapate က ပြောပါတယ်။
မုန်တိုင်းကြောင့် ဒီရေလှိုင်း ၁၀ ပေလောက် တက်နိုင်ပြီး ကမ်းရိုးတန်းအပိုင်း တော်တော်များများမှာ ရေဖုံးလွှမ်း နိုင်ပါတယ်။ သောကြာနေ့ ညပိုင်းမှာ ရရှိတဲ့ ဂြိုဟ်တုက ဓာတ်ပုံတွေမှာဆိုရင် သြရိသပြည်နယ်နဲ့ Andhra Pradesh ပြည်နယ်တွေကို ဦးတည်ရွေ့လျားနေတဲ့ မုန်တိုင်းဟာ ကြီးမားလွန်းတာကြောင့် ဘင်္ဂလား ပင်လယ်အော် တခုလုံးလိုကို ဖုံးအုပ်ထားတာတွေ့ရပါတယ်။
လူပေါင်း ၆ သန်းခွဲလောက် မိုးကြီးလေထန်မှုနဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ ဘေးအန္တရာယ် သတိပေးချက်က သောကြာနေ့ကပဲ သတိပေးသွားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာက အခုရာသီဟာ မုန်တိုင်းရာသီဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူတွေအများကြီး သေဆုံးရသလို အပျက်အစီး အဆုံးအရှုံးကြီးမားလေ့ရှိတာပါ။ ၁၉၉၉ ခုနှစ်မှာ သြရိသပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်တဲ့ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၀,၀၀၀ မက သေဆုံးခဲ့ရပါတယ်ရှင်။