အိန္ဒိယလေထု ညစ်ညမ်းမှု လျှော့ချရေး ကြိုးပမ်းမှု

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လေထုညစ်ညမ်းမှု။ (ဒီဇင်ဘာ ၁၀၊ ၂၀၁၅)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရဲ့ စံချိန်တင် ဆိုးရွားနေတဲ့ လေထု ညစ်ညမ်းမှုကို လျှော့ချဖို့ ရည်ရွယ်တဲ့ စမ်းသပ်မှုတခုကို နှစ်သစ်မှာ စတင်လိုက်ပါတယ်။

မ-ဂဏန်း ပါ ကားနံပါတ်နဲ့ကားတွေကို နယူးဒေလီမြို့တော်မှာ ဒီကနေ့ကစပြီး မ-ဂဏန်း နဲ့ ရက်တွေမှာပဲ မောင်းခွင့်ပြုပါတော့တယ်။ စုံ-ဂဏန်း ကားနံပါတ်နဲ့ ကားတွေကတော့ စုံ-ဂဏန်းနဲ့ရက်တွေမှာပဲ မောင်းလို့ရပါတော့မယ်။

ယာဉ်တွေနဲ့ ပိတ်ဆို့နေတဲ့လမ်းတွေ ရှင်းအောင်နဲ့ လေထုညစ်ညမ်းမှု လျှော့ချစေရေး အထောက်အကူဖြစ်ဖို့ရည်ရွယ်တဲ့ ဒီစမ်းသပ် မှုကို ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လုပ်မှာဖြစ်ပါတယ်။