အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓမ္မကျင့်ခံလိုက်ရတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ အမျိုးသားက သူကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပြီးတဲ့နောက် ဒီအပေါ် လူထုရဲ့ စိတ်ဝင်စားမှု နည်းနေတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေအပေါ် မကျေနပ်တာကြောင့် နယူးဒေလီမြို့မှာ စနေနေ့က ကန့်ကွက် ဆန္ဒပြပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့ ထွက်ဆိုချက်အပေါ် ရဲတပ်ဖွဲ့က လက်မခံပါဘူး။
သူတို့ကို ညှဉ်းပန်းနှိပ်စ က်ပြီး လမ်းဘေးမှာ အဝတ်အစားမပါဘဲ သွေးသံရဲရဲနဲ့ ပစ်ချထားခဲ့ပေမဲ့ ၂၅ မိနစ်ကျော်ကြာမှ ာ သူတို့ကို ကူညီဖို့ ရဲတွေ ရောက်လာတယ်လို့ အဓမ္မကျင့်ခံလိုက ်ရတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေက ပြင်သစ် သတင်းဌာနနဲ့ အိန္ဒိယအခြေစိုက် Zee တီဗွီ သတင်းဌာန တို့ကို သောကြာနေ့က ပြန်ပြောင်း ပြောပြခဲ့တာပါ။
ရဲတွေ ရောက်လာတဲ့အချိန ်မှာလည်း ဒီအမှုကို ဖြေရှင်းဖို့ ဘယ်ရဲစခန်းရဲ့ အပိုင်း ဖြစ်တယ် ဆု ိတဲ့အပေါ် အချင်းချင်း ငြင်းခုန်နေကြပြ ီး သူတို့ကို အနီးဆုံး ဆေးရုံကို ပို့မပေးဘူးလို့ ဥပဒေလမ်းကြောင်း အခြေအနေအရ အမည်နဲ့ ရုပ်ပုံ ဖော်ပြလို့မရနို င်တဲ့ အဲဒီ အမျိုးသားက ပြောပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ အချိန်မီ အကူအညီပေးနိုင်ခ ဲ့တဲ့အကြောင်းနဲ ့ သူတို့ထံ အကူအညီတောင်းတဲ့ ဖုန်းခေါ်ပြီး မိနစ် ၃၀ အတွင်း သူတို့နှစ်ဦးကု ိ ဆေးရုံပို့ပေးလု ိက်နိုင်တဲ့အကြေ ာင်း ဒေလီရဲတပ်ဖွဲ့ရဲ ့ ပူးတွဲ ရဲမင်းကြီး Vivel Gogia က စနေနေ့မှာ သတင်းထောက်တွေနဲ ့ တွေ့ပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းခဲ့ပါတယ ်။
သူတို့ကို ညှဉ်းပန်းနှိပ်စ
ရဲတွေ ရောက်လာတဲ့အချိန
ရဲတပ်ဖွဲ့အနေနဲ့ အချိန်မီ အကူအညီပေးနိုင်ခ