အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ပြီးခဲ့တဲ့နှစ်တုန်းက အမျိုးသမီးငယ်တဦးကို ဘတ်စကားတစီးပေါ်မှာ အုပ်စုနဲ့ အဓမ္မပြုကျင့်တဲ့အတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်ချထားခံထားရသူ အမျိုးသား ၄ ယောက်ကို ကြိုးပေးပြီး သေဒဏ်အပစ်ပေးဖို့ အိန္ဒိယတရားရုံးတခုက စီရင်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
အခုလိုအမှုမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ့ ရာဇဝတ်မှုဖြစ်ပြီး သေဒဏ်နဲ့ ထိုက်တန်တယ်လို့ တရားသူကြီး Yogesh Khanna က ပြောဆိုပြီး သောကြာနေ့မှာ စီရင်ချက်ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စီရင်ချက်ကို ဖတ်ကြားနေစဉ်မှာတော့ တရားခံအမျိုးသားလေးဦးထဲက တစ်ဦးဟာ မျက်ရည်တွေကျနေပါတယ်။
အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားခဲ့ရသူ အမျိုးသမီးငယ်ရဲ့ဖခင်ကတော့ သူ့သမီးဖြစ်သူအတွက် မှန်ကန်တဲ့ တရားမျှတမှုကို ရရှိလို့ သူ့အနေနဲ့ စိတ်သက်သာရာ ရခဲ့ကြောင်း ပြောပါတယ်။ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းတုန်းက အုပ်စုနဲ့ အတင်း အဓမ္မပြုကျင့်တာခံခဲ့ရသလို သံတုတ်နဲ့လည်း နှိပ်စက်တာကို ခံခဲ့ရပါတယ်။
သူမနဲ့အတူပါလာတဲ့ အမျိုးသားအဖော်ဟာလည်း ရိုက်နှက်ခံရပြီးနောက် နှစ်ဦးစလုံးကို နောက်ပိုင်းမှာ ဘတ်စကားပေါ်ကနေ ပစ်ချသွားတာ ခံခဲ့ရတာပါ။ အမျိုးသမီးငယ်ကိုတော့ စင်ကာပူနိုင်ငံက ဆေးရုံကို ပို့ပြီး ဆေး ကုသမှုပေးခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် နှစ်ပတ်အကြာမှာ သေဆုံးသွားခဲ့တာပါ။
အခုလို ဖြစ်ရပ်ကြောင့် အိန္ဒိယတိုင်းပြည်အဝှမ်း အမျိုးသမီးတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်ပြီး ဒေါတသကြီး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို အကာအကွယ်ပေးဖို့ ဥပဒေတွေ ပြဌာန်းရေးအထိ ဖြစ်လာနေပါတယ်။
အခု ချမှတ်ထားတဲ့သေဒဏ်ကိုတော့ နယူးဒေလီမှာရှိတဲ့ ဗဟိုတရားရုံးကနေ အတည်ပြုပေးရဦးမှာဖြစ်ပါတယ်။ တရားခံတွေရဲ့ရှေနေကတော့ သူ့အမှုသည်တွေအတွက် အယူခံဝင်သွားမယ်လို့ ပြောပါတယ်။