အိမ်ထောင်ရေးဖောက်ပြန်မှု အရေးယူဖို့ လျှောက်ထားချက် အင်ဒိုတရားရုံး လက်မခံ

Indonesia's constitutional court -အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး။

Indonesia's constitutional court -အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး။

တရားဝင်လက်ထပ်ထားသူနဲ့ မဟုတ်ပဲ အခြားသူနဲ့ သဘောတူ လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး လျှောက်ထားချက်တရပ်ကို အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်မခံပဲ ငြင်းဆန်လိုက်ပါတယ်။

ကြာသာပတေးနေ့က ပေါ်ထွက်လာတဲ့ ဒီစီရင်ထုံးဟာ လိင်တူစုံမက်သူအခွင့်အရေး လှုပ်ရှားသူတွေရဲ့ အောင်မြင်မှုတရပ်ဖြစ်ပါတယ်။ ဒီလျောက်ထားချက်ဟာ LGBT ခေါ် လိင်စိတ်ခံယူမှု ကွဲပြားသူ၊ လိင်တူချင်း စုံမက်သူ အသိုင်းအဝိုင်းကို ပစ်မှတ်ထားခဲ့တဲ့ အပေါ်မှာ အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်မကင်းဖြစ်ခဲ့ကြတာပါ။

ဒီလျောက်ထားချက်ကို ရှေးရိုးအယူဝါဒစွဲအဖွဲ့ဖြစ်တဲ့ the Family Love Alliance က တရားရုံးကို တင်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ အင်ဒိုနီးရှားဥပဒေကို ပြောင်းလဲပြင်ဆင်ဖို့ အိမ်ထောင်ရှိရှိ၊ မရှိရှိ အင်ဒိုနီးရှားနိုင်ငံသားမှန်သမျှ ဒီလျောက်ထားချက်နဲ့ အကြုံးဝင်အောင် သူတို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအနေနဲ့ နိုင်ငံတွင်း တရားဥပဒေတွေကို ပြုပြင်ပြောင်းလဲပိုင်ခွင့်အာဏာဟာ ဥပဒေပြုလွှတ်တော်မှာသာရှိ ပြီး တရားရုံးမှာမရှိဘူးလို စီရင်ချက်မှာဖေါ်ပြထားတာဖြစ်ပါတယ်။ လက်ရှိအင်ဒိုနီးရှားဥပဒေ ပြဌာန်းချက်အရ အသက်မပြည့်သေးသူ ပါဝင်နေမှသာ လိင်ဆက်ဆံမှုဟာ ဥပဒေကို ဆန့်ကျင်ကြောင်း သတ်မှတ်ထားပါတယ်။

Your browser doesn’t support HTML5

အိမ်ထောင်ရေးဖောက်ပြန်မှု အရေးယူဖို့ လျှောက်ထားချက် အင်ဒိုတရားရုံး လက်မခံ