စင်္ကာပူနိုင်ငံကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အင်ဒိုနီးရှားနိုင်ငံသား ခြောက်ယောက်ကို အင်ဒိုနီးရှားနိုင်ငံ၊ Batam ကျွန်းမှာ ဒီကနေ့ ဖမ်းလိုက်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရကပြောပါတယ်။ သံသယရှိသူတဦးရဲ့အိမ်ကို ဒီကနေ့မနက် အစောပိုင်းမှာ ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ရှာဖွေတာကို ရိုက်ယူထားတဲ့ ဓာတ်ပုံတွေ မှာတွေ့ရပါတယ်။
အရေးကြီးတဲ့အရာတွေ၊ လူစည်ကားတဲ့နေရာတွေကို တိုက်ခိုက်ဖို့ အဲဒီလူတွေက ကြံစည်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရက ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ဒီလူခြောက်ယောက်ဟာ ဆီးရီးယားက IS အစွန်းရောက်အဖွဲ့ထဲမှာ ရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား Bahrun Naim နဲ့ အချိတ်အဆက်ရှိတယ်လို့ သံသယရှိထားပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက ဂျကာတာမြို့လည်ခေါင်မှာ တိုက်ခိုက်မှုတခုကို နောက် ကွယ်က ကြိုးကိုင်စီစဉ်ခဲ့သူတွေထဲမှာ Naim လည်းပါတယ်လို့ ယူဆထားတာပါ။ အဲဒီတိုက်ခိုက်မှုမှာ လူရှစ်ဦးသေဆုံးပြီး ဝင် တိုက်တဲ့လူလေးဦးလည်း သေဆုံးတဲ့ထဲ ပါပါတယ်။
Batam ကျွန်းဟာ စင်္ကာပူနိုင်ငံတောင်ဘက်ခြမ်းနဲ့ ၁၀ မိုင်လောက်ပဲ ဝေးပါတယ်။
Your browser doesn’t support HTML5