အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းက ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့နောက် Agam နဲ့ Jambi ခရိုင် ၂ ခုမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၂၀ ကျော်ရှိတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ အနောက်ဆူမာတြားပြည်နယ် Agam ခရိုင် ထန်ဂျွန်း ဆာနီရွာကလေးမှာ အနီး ပါတ်ဝန်းကျင် တောင်ကုန်းတွေပေါ်ကနေ မိုးရေနဲ့အတူ ရွှံ့နဲ့ကျောက်ခဲတွေ ပြိုဆင်းလာပြီး နေအိမ် ၂၀ လောက် နစ်မြုပ်ခဲ့ရာမှာ ကလေး ၃ ဦး အပါအဝင် ၁၁ ဦးသေဆုံးခဲ့ပါတယ်။ မိုးဆက်တိုက် ရွာသွန်းနေတဲ့ အတွက် ဒေသခံရာပေါင်းများစွာဟာ နေအိမ်စွန့် ခွာပြီး ဘေးလွတ်ရာကို ရှောင်တိမ်းကြ ပါတယ်။
အဲဒီ Agam ခရိုင်နဲ့ ကပ်လျက်က Jambi ခရိုင်မှာ ရှိတဲ့ အစိုးရပိုင် ရေနံတူးဖေါ်ရေး လုပ်ကွက်မှာ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဆိုးဆိုးဝါးဝါး မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဟာ စက်ယန္တယားအကူအညီနဲ့ ပျောက်ဆုံးသူတွေကို တနင်္လာနေ့ အထိ ဆက်လက် ရှာဖွေနေကြပြီး သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့ ပြောပါတယ်။