ဆူနာမီလှိုင်းသင့်ဒေသ အင်ဒိုသမ္မတ သွားရောက်ကြည့်ရှု

ဆူနာမီလှိုင်းသင့်ဒေသ အင်ဒိုသမ္မတ သွားရောက်ကြည့်ရှု

အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားတဖက်တချက်မှာ ဆူနာမီဒဏ်ကြောင့် သေဆုံးသူ တနင်္လာနေ့မှာ ၃၇၃ ယောက်ရှိသွားပြီလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၁ ထောင့် ၄ ထက်မနည်းရှိနေပြီး ၁၀၀ ကျော်လည်း ပျောက်ဆုံးနေပါတယ်။

ဆူနာမီဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ Banten ခရိုင် Carita ကမ်းခြေက အပန်းဖြေနေရာကို သမ္မတ Joko Widodo ဒီကနေ့ သွားရောက် ပြီး ဆုံးရှုံး ပျက်စီမှုတွေကို ကြည့်ရှုခဲ့ပါတယ်။ သေဆုံးဒဏ်ရာရခဲ့သူတွေအတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ ဆူနာမီကြိုတင် သတိပေးစနစ်အားလုံးကို ပြန်စစ်ပြီး ပျက်စီးနေတာရှိရင် ပြင်ဆင်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ သမ္မတက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ စနေနေ့ ညတုန်းက အနားမှရှိတဲ့ မီးတောင်ကြီး ပေါက်ကွဲပြီးနောက် ကမ်းခြေဒေသတွေကို ဆူနာမီဒီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

Anak Krakatoa မီးတောင်ပေါက်ကွဲပြီးနောက် ရေအောက်မှာ မြေပြိုမှုနဲ့ ဒီရေတက်တာပေါင်းပြီး ဆူနာမီဖြစ်ခဲ့တာလို့ မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒဌာက ပြောပါတယ်။ ဒါပေမဲ့ မီးတောင်ပေါက်နေတာ June လထဲကဖြစ်တာပြီး အခုထက်တောင်အင်အားပြင်းတာမို့ မီးတောင်ကြောင့် ဆူနာမီဖြစ်တာလို့ အတည်မပြုနိုင်သေးဘဲ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စုံစမ်းနေဆဲလို့ အင်ဒိုနီးရှားဘူမိဗေဒဌာန အကြီးအကဲက VOA အင်ဒိုနီရှားဌာနကို ပြောကြားခဲ့ပါတယ်။ ဆူနာမီကြောင့် Sunda ရေလက်ကြား တဖက်တချက်မှာရှိတဲ့ Sumatra ပြည်နယ်က South Lampung ဒေသနဲ့ Java ပြည်နယ်က Serang နဲ့ Pandeglang ဒေသတွေမှာ သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့တယ်လု့ိ သူကပြောပါတယ်။

Your browser doesn’t support HTML5

ဆူနာမီလှိုင်းသင့်ဒေသ အင်ဒိုသမ္မတ သွားရောက်ကြည့်ရှု