အင်ဒိုနီးရှားနိုင်ငံ Sunda ရေလက်ကြားတဖက်တချက်မှာ စနေနေ့က ဆူနာမီဒီလှိုင်းကြီးတွေရိုက်ခတ်ခံရမှုကြောင့် သေဆုံးသူ ၄၂၉ ယောက်ရှိသွားပြီလို့ အင်ဒိုနီးရှား သဘာဝဘေးဒဏ်ကူညီကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဆူနာမီကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ ကျွန်းဆွယ်တဖက်စီက Sumatra နဲ့ Java ပြည်နယ်တွေမှာ အနံ့ခံခွေးတွေ၊ အဝေးထိန်း Drone ယာဉ်တွေသုံးပြီး အသက်ရှင်ကျန်နေနိုင်သူတွေကို လိုက်လံရှာဖွေနေပါတယ်။ နေအိမ်ရာနဲ့ချီအပါတဝင် အဆောက်အဦးပေါင်း ၁ ထောင်ကျော် ပျက်ဆီးခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၁ ထောင့် ၄ ရာကျော်ရှိပြီး ၁၂၈ ယောက်ထက်မနည်းလည်း ပျောက်ဆုံးနေပါတယ်။ စနေနေ့ ဒေသစံတော်ချိန် ည ၉ နာရီလောက်မှာ Krakatoa မီးတောင်ပေါက်ကွဲခဲ့ပြီး နာရီဝက်လောက်အကြာမှာ ဆူနာမီဒီလှိုင်းကြီးတွေ ရိုက်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒဌာက ပြောပါတယ်။
ဒါပေမဲ့ မီးတောင်ပေါက်နေတာ June လထဲကဖြစ်တာပြီး အခုထက်တောင်အင်အားပြင်းတာမို့ မီးတောင်ကြောင့် ဆူနာမီဖြစ်တာလို့ အတည်မပြုနိုင်သေးဘဲ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စုံစမ်းနေဆဲလို့ အင်ဒိုနီးရှားဘူမိဗေဒဌာန အကြီးအကဲက VOA အင်ဒိုနီရှားဌာနကို ပြောကြားခဲ့ပါတယ်။ မနေ့ကတေသမ္မတ Joko Widodo ဟာ ဆူနာမီဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ Banten ခရိုင် Carita ကမ်းခြေက အပန်းဖြေနေရာကို မနေ့က သွားရောက် ပြီး ဆုံးရှုံး ပျက်စီမှုတွေကို ကြည့်ရှုခဲ့ပါတယ်။
Your browser doesn’t support HTML5
အင်ဒိုနီးရှားဆူနာမီ သေဆုံးသူ ၄ ရာကျော်အထိရှိ